▪︎လေယာဥ် ၃ ခေါက်ပျံသန်းရန်စီစဥ်ခဲ့ပြီးပထမတစ်ခေါက်ငွေများသယ်ဆောင်ပြီးနောက်ရပ်ဆိုင်းခြင်းဖြစ်
People’s Spring
မြဝတီကနေ တိမ်းရှောင်လာမယ့် စစ်ကောင်စီတပ် အရာရှိတွေနဲ့ မိသားစုဝင်တွေကို လေကြောင်းကနေ ပြန်လည် ခေါ်ဆောင်နေတဲ့ ကိစ္စကို အာဏာသိမ်း စစ်ကောင်စီက ရပ်ဆိုင်းလိုက်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာ ပြောရေးဆိုခွင့်ရအရာရှိ သာနာဝပ် ဆီရီကူလ်က အတည်ပြုပြောကြားပါတယ် ။

Public Service Announcement
မူလက ခရီးစဉ် သုံးခေါက်ထဲဆွဲမယ်လို့ သဘောတူခဲ့ပေမယ့် တစ်ခေါက်ပြီးတာနဲ့ ရပ်နားလိုက်တဲ့ ဆုံးဖြတ်ချက်အတွက် စစ်ကောင်စီဘက်က ဘာအကြောင်းပြချက်မှ မပေးခဲ့ဘူးလို့ ဒီကနေ့ (ဧပြီ ၈ ရက်)မှာ သာနာဝပ် ဆီရီကူလ်က ပြောကြားခဲ့တယ်လို့ ထိုင်းသတင်းဌာန Khaoaod English ကဖော်ပြပါတယ် ။
မူလက စစ်ကောင်စီရဲ့ မေတ္တာရပ်ခံချက်ကြောင့် ထိုင်းအစိုးရဟာ တက်ခ်ခရိုင်မှာရှိတဲ့ မဲဆောက်မြို့ကို မြန်မာစစ်တပ် စေလွှတ်တဲ့ MNA လေယာဉ်တွေ သုံးရက်ဆက် ဆင်းသက်ဖို့ ခွင့်ပြုခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ ထိုင်း-မြန်မာ နယ်စပ်မှာရှိတဲ့ မြဝတီကနေ တိမ်းရှောင်လာတဲ့ စစ်သားတွေနဲ့ မိသားစုဝင်တွေကို လေယာဉ်ခရီးစဉ် တစ်သုတ်ချင်းစီနဲ့ ပြန်ခေါ်ထုတ်ဖို့ပါ။
ထိုင်းက လူသားချင်း စာနာမှု ရှုထောင့်ကနေ ချဉ်းကပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လေယာဉ် ခရီးစဉ် သုံးခေါက်ကို ခွင့်ပြုပေးခဲ့ပေမယ့် ပထမတစ်ခေါက် အပြီးမှာတင် မြန်မာဖက်က ဒုတိယ နှစ်သုတ် ပျံသန်းစေမယ့် အစီအစဉ်ကို ပယ်ဖျက်လိုက်တာ ဖြစ်ပါတယ်။
အစောပိုင်း ကြေညာချက်တုန်းက ထိုင်းအစိုးရဟာ လက်နက်တွေ သယ်ယူခွင့် မပြုဘဲ လူသားချင်း စာနာမှု ရှုထောင့်ကနေ စီစဉ်ပေးတဲ့ ခရီးစဉ် သုံးခုအတွက် လက်ခံပေးခဲ့ကြောင်း ပါရှိခဲ့ပါတယ်။ အဲဒီ သဘောတူညီချက်ရဲ့ ပထမအသုတ် ခရီးစဉ်အဖြစ် ဧပြီ ၇ ရက် ညပိုင်းက မဲဆောက်မှာ စစ်ကောင်စီစေလွှတ်တဲ့ ATR လေယာဉ် ဟာ ၈ နာရီ ၄၀ မှာ ဆင်းသက်ခဲ့ပြီး ၁၀ နာရီမှာပြန်သွားကြောင်းလည်း သိရပါတယ်။

Public Service Announcement
အဲဒီလေယာဥ်မှာ စစ်ကောင်စီက မြဝတီမြို့က စစ်တပ်ထိန်းချုပ်ထားတဲ့ ဘဏ်ကငွေတွေနဲ့ လူ ၂၀ ကို ခေါ်သွားကြောင်း ထိုင်းသတင်းဌာနတွေကဖော်ပြပါတယ် ။
(ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာ ပြောရေးဆိုခွင့်ရအရာရှိ သာနာဝပ် ဆီရီကူလ်/ မဲဆောက်သို့ ဧပြီ ၇ ရက်ည တွင်လာ၍ လူပုဂ္ဂိုလ် ၂၀ နှင့် ငွေများသယ်၍ပြန်သွားသော MNA လေယာဥ်။ဓါတ်ပုံ- Khaoaod English ၊ Thai PBS ၊ YM’ FB)
