မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက် ရဲ့ အကွက် ၅၀၀ ရာအိမ်မှူး ဦးမြတ်ထူးဟာ မနေ့ ဇွန်လ ၂၃ ရက်ညပိုင်းက နေအိမ်မှာ ပစ်ခတ်ခံရလို့သေဆုံးသွားပါတယ်။
ညပိုင်း ၉ နာရီဝန်းကျင်မှာ သားဖြစ်သူနဲ့အတူ နေအိမ်မှာရှိနေချိန် ပစ်ခတ်ခံရတာလို့ အနီးပတ်ဝန်းကျင်ဒေသခံအချို့ထံက စုံစမ်းသိရပါတယ်။
ပစ်ခတ်မှုကြောင့် ဦးမြတ်ထူးဟာ ဦးခေါင်းထိမှန်ပြီး သားဖြစ်သူ လည်း ဗိုက်ကို ထိမှန်ဒဏ်ရာရသွားပါတယ်။
ဒဏ်ရာရသွားတဲ့ ရာအိမ်မှူး သားအဖကို မန္တလေးဆေးရုံပို့ ပြီး ကုသချိန် ရာအိမ်မှူးကတော့သေဆုံးသွားတယ်လို့သိရပါတယ်။
သားဖြစ်သူဟာ မစိုးရိမ်ရပေမယ့် ဆက်လက်ကုသမှုခံယူနေတယ်လို့သိရပါတယ်။
