ကလေးမြို့တွင် ယနေ့နံနက်ပိုင်းက ပန်းပန်သည့် အမျိုးသမီးအချို့နှင့် ပန်းရောင်းဈေးသည်အချို့အပါအဝင် အမျိုးသမီး ၂၀ဦးထက်မနည်းကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။
ကလေးမြို့တွင် ယနေ့နံနက်ပိုင်းက ပန်းပန်သည့် ပန်းရောင်းဈေးသည်အချို့ နှင့် ပန်းဝယ်သူအပါအဝင် အမျိုးသမီး ၃၀ ဦးထက်မနည်းကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။
“မြို့မဈေးထဲကိုဝင်လာပြီး ဖမ်းတာ။ ပန်းပန်တဲ့ သူတွေရော၊ ပန်းရောင်းသူတွေကိုရော။ ၂၀ထက် မကဘူး။ နေရာစုံက အမျိုးသမီးတွေကို ဖမ်းသွားတာ”ဟု ကလေး PDF တပ်ဖွံ့ဝင်တစ်ဦးက ပြောသည်။
ဖမ်းဆီးသူများသည် ပုံမှန် သွားလာကြသည့် အမျိုးသမီးများဖြစ်ပြီး ပန်းသပိတ်ပါဝင်သူများမဟုတ်ကြောင်းလည်း မျက်မြင်သက်သေများကပြောသည်။

“ပန်းပန်ပြီး ဈေးရောင်းတဲ့ ဈေးသည်တွေကော၊ ပန်းပန်ပြီး ဈေးလာဝယ်တဲ့ အမျိုးသမီးတွေကို ဖမ်းသွားတာ၊ အရပ်ဝတ်နဲ့လာပြီးဖမ်းသွားတာ”ဟု ကလေးမြို့ခံတစ်ဦးကပြောသည်။
ယနေ့ (ဇွန်လ ၁၉ရက်)နံနက် ၈နာရီခန့်က ကလေးမြို့ လမ်းဆုံရှိ ကလေးမြို့မဈေးသို့ စစ်ကောင်စီတပ်သားများကအရပ်ဝတ်များဖြင့် ကားနှစ်စီးဖြင့် ရောက်ရှိလာပြီး ပန်းပန်သည့် အမျိုးသမီးအချို့နှင့် ပန်းရောင်းဈေးသည်အချို့ကိုဖမ်းဆီးသွားခြင်းဟု ယင်းဈေးအနီးနေသူများက ပြောသည်။
“ဖမ်းခေါ်သွားတာ မြင်တယ်ဗျ။ နောက်ဆက်တွဲ မသိရသေးဘူး။ ပြန်လွတ်၊ မလွတ် မသိသေးဘူး”ဟု မြို့ခံတစ်ဦးက ပြောသည်။
ဖမ်းဆီးထားသည့် အမျိုးသမီးများအနက် ပန်းရောင်းသည့် အမျိုးသမီးနှစ်ဦးကို နာရီပိုင်းအတွင်းပြန်လည်လွတ်ပေးခဲ့သော်လည်း အများစုကို ဖမ်းဆီးထားဆဲဖြစ်သည်ဟု ကလေးမြို့ခံတစ်ဦးကပြောသည်။
ဖမ်းဆီးခံရသူအများစုကို ယနေ့ညနေအထိ ပြန်မလွတ် သေးကြောင်း ကလေးမြို့မှ ပြည်သူ့ကာကွယ်ရေးထောက်ပို့ရဲဘော်ရဲဘော်တစ်ဦးကလည်း ပြောသည်။
၎င်းကဆက်လက်ပြီး ” တော်တော် အလုပ်မဟုတ်တာလုပ်နေတာဗျ။ စစ်အုပ်စုက။ ဘာကိုကြောက်နေတာလဲ။ သူတို့ ထမင်းလုံးတစ္ဆေခြောက်သလို ဖြစ်နေတာ”ဟု ပြောသည်။
ထိုအပြင် ယနွေတွင် ကလေးမြို့၌ စစ်ကောင်စီတပ်သားများက အနေရာအနှံ ဖြန့်ကြန့်ပြီး စစ်ဆေးကြမ်းနေကြောင်းဒေသခံတစ်ဦးကပြောသည်။
ယနေ့သည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၈)နှစ်ပြည့် မွေးနေ့ဖြစ်သည်။ စစ်တပ်၏ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့အထိမ်းအမှတ်ကို ပြည်တွင်းနှင့် နိုင်ငံတကာမှ မြန်မာပြည်သူများနက နည်းမျိုးစုံဖြင့်ပြုလုပ်နေကသည်။
