မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပြည့်အိုင်ကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအား PDFရဲဘော်များက လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်သွားကြောင်း ဒေသခံများက ပြောသည်။
ဧပြီ ၃၀ ရက် နံနက် ၈နာရီခန့်က ပခုက္ကူမြို့နယ်၊ ပြည့်အိုင်ကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအား ဒေသတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော်များက သေနတ်များဖြင့် ရောက်ရှိလာပြီး လက်ပစ်ဗုံးထုတိုက်ခိုက် သွားခြင်းဖြစ်ကြောင်း၊ လူထိခိုက်မှုရှိ၊မရှိ မသိရသေးကြောင်း ဒေသခံများက ပြောသည်။
ထိုသို့တိုက်ခိုက်မှုကြောင့် ရုံးပျက်စီးသွားသည်ဟု ဆိုသည်။
ပြည့်အိုင်ကျေးရွာတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၅ ရက်ကလည်း စစ်အုပ်စုနှင့်ပူးပေါင်းခဲ့သူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ အသတ်ခံရသေးသည်။
ပခုက္ကူမြို့နယ်တွင် ဧပြီ၂၅ ရက် ညကလည်း တဲကုန်းရွာရှိ ပျူစောထီးများကို တော်လှန်ရေး အင်အားစုများက အလစ်အငိုက် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁၃ ဦး သေဆုံးကာ ၈ ဦး ပခုက္ကူဆေးရုံတွင် ဆေးကုနေရကြောင်း သတင်းရရှိသည်။
