တနင်္သာရီတိုင်း၊ ထားဝယ် သပိတ်ကော်မတီ ရဲ့ စည်းရုံးရေးတာဝန်ခံ ကိုမင်းလွင်ဦးကို ဖမ်းဆီးဖို့ သတင်းပေးနိုင်ရင် ကျပ်သိန်းသုံးရာ ဆုငွေပေးမယ်လို့ စစ်ကောင်စီက ဒီနေ့ ဧပြီလ ၁၂ ရက်မှာ ကြေညာလိုက်ပါတယ်။
လောင်းလုံးမြို့နယ်ထဲက နေရာအချို့မှာ ကိုမင်းလွင်ဦးကို ဆုငွေထုတ်တဲ့ စာရွက်တွေကို စစ်ကောင်စီဘက်က ဒီနေ့မှာလိုက်လံကပ်ထားတာတွေ့ရတယ်လို့ ထားဝယ်ခရိုင် သပိတ်ကော်မတီကလည်းသတင်းထုတ်ပါတယ်။
ကိုမင်းလွင်ဦးဟာ စစ်တပ်အာဏာသိမ်းနောက် တစ်လအကြာမှာ ပဲ ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဝရမ်း ထုတ်ခံထားရပါတယ်။
ဒါအပြင် ပြီးခဲ့တဲ့ မတ်လကလည်းအကြမ်းဖက်ဥပဒေနဲ့အရေးယူထားတဲ့ တရားခံပြေးစာရင်းထဲ စစ်ကောင်စီက ထည့်သွင်းထားတယ်လို့ ထားဝယ်ခရိုင် သပိတ်ကော်မတီကဆိုပါတယ်။
ထားဝယ်သပိတ်ကော်မတီဟာ လောင်းလုံးမြို့နယ်ထဲမှာ လူထုစည်းရုံးရေးတွေ ၊စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေကိုလုပ်ဆောင်နေတာပါ။
