Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သင်္ကြန်အကြိုနေ့မတိုင်ခင် လုံခြုံရေးတင်းကြပ်ထားတဲ့ရန်ကုန်

တော်လှန်ရေးအင်အားစုတွေကတော့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ သင်္ကြန်မှာ ပူးပေါင်းပါဝင်ခြင်းမပြုဖို့ မေတ္တာရပ်ခံထားပါတယ်။

သင်္ကြန်အကြိုနေ့မတိုင်ခင် လုံခြုံရေးတင်းကြပ်ထားတဲ့ရန်ကုန်
သင်္ကြန်အကြိုနေ့မတိုင်ခင် လုံခြုံရေးတင်းကြပ်ထားတဲ့ရန်ကုန်

ရန်ကုန်မြို့မှာရှိတဲ့ သင်္ကြန်ဗဟိုမဏ္ဍပ်တွေနဲ့ ရေကစားမဏ္ဍပ်တွေမှာ စစ်ကောင်စီ တပ် အင်အားအများအပြားစောင့်ကြပ်နေတာကိုတွေ့ရပါတယ်။

မြို့တော်ခန်းမရှေ့က ရန်ကုန် မြို့တော်ဝန်မဏ္ဍပ်မှာ အကတိုက်နေတာတွေကိုတွေ့ရပြီး အဲဒီနေရာအနီးမှာ စစ်ကားတွေနဲ့ အင်အားအများအပြားစောင့်နေကြပါတယ်။

ပြည်သူ့ရင်ပြင်ဝန်းထဲမှာလည်း နံနက် ၁၁ နာရီလောက်မှာ လူကြီးလမ်းကြောင်း နဲ့ ဝင်ရောက်စစ်ဆေးခဲ့တာတွေ့ရပါတယ်။

ပြည်သူ့ရင်ပြင်ထဲမှာတော့ ဝင်ပေါက်မှာ ရဲတပ်ဖွဲ့ဝင်တွေကို တွေ့ရပြီး နေရာတော်တော်များများမှာ လက်နက်အပြည့်အစုံနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စောင့်ကြည့်နေတာပါ။

ဒါ့အပြင် ပြည်သူ့ရင်ပြင်ဝင်းထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရွက်ဖျင်အဆောက်အဦးတွေနဲ့ အထိုင်ချထားပါတယ်။

သင်္ကြန်မဏ္ဍပ်ကြီးတွေတင်မဟုတ်ဘဲ ရေကစားမဏ္ဍပ်လေးတွေမှာလည်း အကြမ်းလုံခြုံရေးချထားတာဖြစ်ပါတယ်။

ဘိုကလေးဈေးလမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်က မဏ္ဍပ်ရှေ့မှာဆိုရင် DC နှစ်စီးထက်မနည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ယာဉ်ထိန်းရဲတွေကိုလည်းတွေ့ခဲ့ရပါတယ်။

မနေ့က စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်က ပဇီကြီးကျေးရွာမှာ လေကြောင်းကနေ ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတစ်ရာခန့် အသက်‌ဆုံးရှုံးခဲ့ရပါတယ်။

ဒါပေမယ့်လည်း စစ်ကောင်စီကတော့ နိုင်ငံပုံမှန်‌လည်ပတ်အေးချမ်းနေတယ်ဆိုတဲ့ ပြသချင်တာကြောင့် သင်္ကြန်ပွဲကိုစည်ကားအောင်ပြင်ဆင်နေတာပါ။

တော်လှန်ရေးအင်အားစုတွေကတော့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ သင်္ကြန်မှာ ပူးပေါင်းပါဝင်ခြင်းမပြုဖို့ မေတ္တာရပ်ခံထားပါတယ်။