တနသ်ာရီတိုင်း ပုလောမြို့နယ်တွင် စစ်ကောင်စီတပ် တပ်ဆုတ်သွားသည့်နေရာတွင် တော်လှန်ရေးရဲဘော်များက PDF အလံလွှင့်ထူထားရာ ၎င်းအလံအား လာရောက်ဖြုတ်ယူသည့် စစ်သားများအား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင် PDF တပ် ရင်း (၁)က ပြော သည်။
ယနေ့ (ဧပြီ ၇ ရက်)နေ့လယ် ၂ နာရီခန် ပုလောမြို့နယ် မင်းထိန်ကျေးရွာဘက်မှ ပဝတ်ကုန်းဘက်သို့ အင်အား ၅၀ ခန့်ဖြင့် ခြေကျင်စစ်ကြောင်းထိုးလာသော စစ်ကောင် စီတပ်ကို နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ (၁၄)ဦးခန့် မိုင်းထိမှန်ခဲ့ပြီး ထိခိုက်သေဆုံးမှုရှိနိုင်သည်ဟုဆိုသည်။
“သူတို့(စစ်တပ်)ပထမလာတာကမင်းထိန်ဘက်ကနေအရင်လာတာ။အဲဒါကိုမင်းထိန်နဲ့ပဝတ်ကုန်းကြားမှာတိုက်မိုင်းတစ်ကြိမ် ထိတယ်။ပြီးတော့ပဝတ်ကုန်းဘက်ဆက်ထွက်လာတော့ နောက်ထပ်တစ်ကြိမ် တိုက်မိုင်းထပ်ထိသွားတာ”ဟု မြိတ်ခရိုင် PDF တပ်ရင်း (၁)မှ တာဝန် ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

ဒုတိယအကြိမ် မိုင်းခွဲတိုက်ခိုက်မှုသည် ပဝတ်ကုန်းအနီးမှ စစ်ကောင်စီတပ် တပ်ဆုတ်သွားချိန် တော်လှန်ရေးရဲ ဘော်များက ယင်းနေရာ၌ PDF အလံတိုင်စိုက်ခဲ့သည့်အပြင် မိုင်းများဆင်ထားခဲ့ရာ အလံလာဖြုတ်သည့်တပ်ကိုဖောက်ခွဲတိုက်ခိုင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူက ဆက်ပြောသည်။
မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရပြိးနောက်စစ်ကောင်စီတပ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များအထိအခိုက်မရှိခဲ့ကြောင်း မြိတ်ခရိုင် တပ်ရင်း (၁)က အသိပေးသည်။
ပြီးခဲ့သည့် မတ် ၂၉ ရက်ကလည်း ပုလောမြို့အဝင် တံ တားထိပ်စစ်ဆေးရေးဂိတ်နှင့် ပုလောမြို့မရဲစခန်းတို့ကို PRDF က ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့သေးသည်။
