BGF ခြောက်ဦးသေ၊ လက်နက်ခဲယမ်းများရရှိ
KNU တပ်မဟာ(၁)နယ်မြေ သထုံခရိုင်၊ဘီးလင်းမြို့နယ်တွင် စစ်ကောင်စီ၏ လက်ပါးစေ BGF တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး BGF တပ်သား ၆ဦးသေဆုံးကာ သေနတ် ၅လက်ရရှိကြောင်း ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ခမ်းဒေါမ်) PPDF-KDက ယနေ့ ထုတ်ပြန်သည်။
ဘီးလင်းမြို့နယ်အတွင်းရှိ လယ်ဆော့လော့ BGF တပ်စခန်းကို KNLA၊PDF ပူးပေါင်းစစ်ကြောင်းနှင့်အတူ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ခမ်းဒေါမ်) PPDF -KDမှ ရဲဘော်များပါဝင်ပူးပေါင်းပြီး ယခုလ ၂၂ ရက်က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဟု ဆိုသည်။
ပူးပေါင်းစစ်ကြောင်းမှ PDF ရဲဘော်တစ်ဦး ဦးခေါင်းထိဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့သည်။
ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) PPDF-KD အနေဖြင့် သက်ဆိုင်ရာနယ်မြေအလိုက် မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ PDF များ LPDF များနှင့် ပူးပေါင်းကာ အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးပစ်မှတ်များကို ဆက်လက်တိုက်ခိုက်သွားမည်ဟုလည်း အသိပေးသည်။
