Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တာတိုင်ရွာတွင်ပြည်သူများကိုအစုလိုက်အပြုံလိုက်သတ်​ခဲ့​သောစစ်​ကြောင်းကို​မြောင်တွင်PDFများကတိုက်ခိုက်

“ သူတို့က အင်အား ၁၃၀ ဝန်းကျင်လောက်ရှိမယ်။ သူတို့ဘက်ကပြန်ပစ်တာတော့မရှိဘူး။ တော်တော်အထိနာသွားလောက်မယ်။ ဒီကောင်တွေကအခုမြစ်သာမှာပါ။” ဟု MSPDF၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

(ဒရုန်းတွင် ဗုံးသီးတပ်ဆင်၍ တိုက်ခိုက်ရန်ပြင်ဆင်​နေ​သောMSPDF တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-MSPDF)
(ဒရုန်းတွင် ဗုံးသီးတပ်ဆင်၍ တိုက်ခိုက်ရန်ပြင်ဆင်​နေ​သောMSPDF တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-MSPDF)

စစ်ကိုင်းတိုင်း၊ ​မြင်းမူမြို့နယ်၊ တာတိုင်ရွာတွင် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီတပ်အား မြောင်နယ်တွင်PDFများက အီနာဂါဗုံးသီး(၄)လုံးချကာ တိုက်ခိုက်ခဲ့ကြောင်း စစ်ကိုင်းခရိုင်တပ်ရင်း အမှတ်(၄)-MSPDF၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ (မတ်လ ၁၆ရက်)မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်က မြောင်မြို့နယ်၊ ပေါက်ချောင်းရွာ သရက်ခြံထဲသို့ ရောက်ရှိနေသော စစ်ကောင်စီစစ်ကြောင်းအား ညီနောင်မဟာမိတ်အဖွဲ့များက အီနာဂါဗုံးသီး(၄)လုံးချကာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိ​ခိုက်သေဆုံးမှုများပြားကြောင်း MSPDF၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ သူတို့က အင်အား ၁၃၀ ဝန်းကျင်လောက်ရှိမယ်။ သူတို့ဘက်ကပြန်ပစ်တာတော့မရှိဘူး။ တော်တော်အထိနာသွားလောက်မယ်။ ဒီကောင်တွေကအခုမြစ်သာမှာပါ။” ဟု MSPDF၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါစစ်ကောင်စီတပ်သည် တပ်မ၉၉ လက်အောက်ခံများဖြစ်ပြီး မြင်းမူနယ်၊ တာတိုင်ရွာတွင် မတ်လ ၁ ရက်နှင့် ၂ ရက်က ပြည်သူ ၁၆ ဦးနှင့် ​ကျေးရွာ ပကဖ ​ခေါင်း​ဆောင်တစ်ဦးတို့ကို ရက်စက်စွာ သတ်ဖြတ်ခဲ့​သော” ဘီလူးစစ်​ကြောင်း” ဟု အမည်​ပေးထား​သော စစ်​ကြောင်းဖြစ်​ကြောင်း​ဒေသခံPDF များက​ပြောသည်။အဆိုပါစစ်​ကြောင်းသည် မြင်းမူနယ် မှတစ်ဆင့် မြောင်နယ်အတွင်းသို့ဆက်လက်စစ်ကြောင်းထိုးလာပြီးပြည်သူ ၆ ဦးကိုထပ်မံသတ်ဖြတ် အကြမ်းဖက်​နေ​သောပြည်သူတစ်သောင်းခွဲကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်းMSPDF၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံနှင့်ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ထိုစစ်​ကြောင်းကို ဗုံးသီးချတိုက်ခိုက်ခဲ့​သောစစ်ဆင်ရေးကို စစ်ကိုင်းခရိုင်တပ်ရင်း အမှတ်(၄)-MSPDF၊ CDSOMအနောက်ပိုင်းတိုက်ခိုက်ရေးအဖွဲ့ – 001၊ အညာသားပြောက်ကျားတပ်ဖွဲ့၊ Phoenix ပြောက်ကျားတပ်ဖွဲ့၊ CHU PDF၊ MinGin Guerilla Force (MGF)တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုအခါ​မြောင်မြို့နယ်တွင် စစ်တပ်ကစစ်​ကြောင်း ၃ ​ကြောင်းထိုး၍ အကြမ်းဖက်​နေသည်။မတ်လ၁၃ ရက်နေ့က မြောင်နယ်ရှိ MSPDF စန်းတစ်ခုစီးနင်းခံရပြီး ဝင်ရောက်မီးရှို့ဖျက်ဆီးခံခဲ့ရကာ ကာလတန်ဖိုး ကျပ်သိန်းနှစ်ရာဖိုးခန့် ဆုံးရှုံးခဲ့သည်။

မတ်လ၁၅ ရက်နေ့ နံနက်ပိုင်းကလည်း မြောင်နယ်တွင် စစ်တပ်စစ်ကြောင်းတစ်​ကြောင်းကိုPDFများကမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး​နောက် မန္တလေးခရိုင်အမှတ် (၅)တပ်ရင်း MNPDF Myitngeနှင့် ဇာမဏီပြောက်ကျားတပ်ဖွဲ့ (ငါန်းဇွန်)တို့၏ ရွေ့လျားစခန်း စီးနင်းခံခဲ့ရကာရဲဘော် ၄ဦး

ဒဏ်ရာရရှိခဲ့ပြီး ရဲဘော်တစ်ဦးကျဆုံးခဲ့သည်။ ထို့အပြင် ထုတ်လုပ်ရေးနှင့် လက်နက်ခဲယမ်းပစ္စည်းများအားလုံးအပါအဝင်စုစုပေါင်းငွေကျပ်တန်ဖိုးကျပ်သိန်း၁၀၀၀ကျော်ဖိုးဆုံးရှုံးခဲ့သည်။

You May Also Like

သတင်း

စစ်ကောင်စီတပ်သည် ယနေ့ (မတ်လ ၁၇ရက်) နံနက်ပိုင်းတွင် ရေးမြို့နယ် အစင်/ဇီးဖြူတောင်ကမ်းခြေမှတဆင့် စစ်ရေယာဥ်သုံးစင်းဖြင့် ခေါ်ဆောင်လာသည့် တပ်ဖွဲ့ဝင်အများအပြား အင်အားတိုးနေကြောင်းမော်လမြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖက အသိပေးထားသည်။

သတင်း

စစ်တပ်စခန်းအတွင်းခလရ(၁၃၅)ရုပ်အလောင်း၃လောင်းတွေ့ရှိပြီး လက်နက်မျိုးစုံ (၆)လက်၊ ခဲယမ်းများ၊ ဆက်သွယ်ရေးစက်ကြီးတစ်လုံး သိမ်း ဆည်းရမိခဲ့ပြီး ကျန်စခန်းထိုင် တပ်သားတစ်ချို့ ထွက်ပြေးလွတ်မြောက်သွားကြောင်းလည်း ဖော်ပြထားသည်။

သတင်း

စစ်ယာဉ်တန်းများ ချင်းတောင်သို့ ဦးတည်လာ၍ မင်းတပ် CDFနှင့် မတူပီ CDFတို့က အသိပေး ကြေညာချက် ထုတ်ပြန်ထားရာ လတ်တလောတွင် မင်းတပ် - မတူပီလမ်းကို ပြည်သူများ အသုံးမပြုရန် အသိပေးထားသည်။

သတင်း

စစ်​ကောင်စီစစ်ကြောင်းသည် ကျေးရွာအတွင်းဝင်ရောက်ပြီး နေအိမ်နှစ်လုံးနှင့် ဆိုင်ကယ်များအပါအဝင်ပြည်သူပိုင်ပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့၍ ဒေသတွင်း မဟာမိတ်တပ်ပေါင်းစုက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။