Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်တပ်စွန့်ပစ်ခဲ့​သောတပ်ကြပ်ကြီးအ​လောင်းကို ကရင်နီပူး​ပေါင်းတပ် ​ကောင်းမွန်စွာသဂြိုလ်ပေး

ယခုလ ဆန်းပိုင်းကစ၍ ကရင်နီဒေသအနှံ့ ထိုးစစ်ဆင် နေသော စစ်ကောင်စီတပ်မှာ အထိနာ နေပြီး ဒီးမော့ဆို ၊ ဖယ်ခုံ ၊မိုးဗြဲ နှင့် ပင်လောင်း တိုက်ပွဲများ၌ သေဆုံးသူ ၄၀ ထက်မနည်းရှိပြီး စစ်ကောင်စီတပ်သားခြောက်ဦး ကို အရှင်ဖမ်းမိထားသည်။

(စစ်တပ်က စွန့်ပစ်ခဲ့​သောတပ်ကြပ်ကြီးရုပ်အ​လောင်းကို ကရင်နီတပ်ဖွဲ့က သဂြိုလ်ပေး​နေစဥ်။ ဓါတ်ပုံ-ကရင်နီပြည်သူ့ရင်ခွင်)
(စစ်တပ်က စွန့်ပစ်ခဲ့​သောတပ်ကြပ်ကြီးရုပ်အ​လောင်းကို ကရင်နီတပ်ဖွဲ့က သဂြိုလ်ပေး​နေစဥ်။ ဓါတ်ပုံ-ကရင်နီပြည်သူ့ရင်ခွင်)

ကရင်နီ(ကယား)ပြည်နယ် တိုက်ပွဲ၌ အလွယ်တကူ စွန့်ပစ်ထားခဲ့သော စစ်ကောင်စီမှတပ်ကြပ်ကြီးရုပ်အလောင်းကို ကရင်နီပူးပေါင်းတပ်များက ကောင်းမွန်စွာသဂြိုလ်ပေးခဲ့ကြောင်း ကရင်နီပြည်သူ့ရင်ခွင်က ယနေ့ ထုတ် ပြန်သည်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ (နမ့်ဇန်) အခြေစိုက် ခလရ ၂၄၇ တပ်မှတပ်ကြပ်ကြီးမင်းခိုင်ဖြစ်ပြီး၊၎င်း၏ ရုပ်အလောင်းကိုယမန်နေ့ကတွေ့ရှိခဲ့ခြင်းဟု​ဖော်ပြထားသည်။

အသက်ပေးပြီး တာဝန်ထမ်းဆောင်နေသည့်တပ် ကြပ်ကြီး မင်းခိုင်၏ ရုပ်အလောင်းကို စောင်နဲ့ထုပ်ပြီး အလွယ်တကူ စွန့်ပစ်ထားခဲ့ခြင်းဖြစ်​ကြောင်းသိရသည်။

(စစ်တပ်က စွန့်ပစ်ခဲ့​သောတပ်ကြပ်ကြီးရုပ်အ​လောင်းကို ကရင်နီတပ်ဖွဲ့က သဂြိုလ်ပေး​နေစဥ်။ ဓါတ်ပုံ-ကရင်နီပြည်သူ့ရင်ခွင်)
(စစ်တပ်က စွန့်ပစ်ခဲ့​သောတပ်ကြပ်ကြီးရုပ်အ​လောင်းကို ကရင်နီတပ်ဖွဲ့က သဂြိုလ်ပေး​နေစဥ်။ ဓါတ်ပုံ-ကရင်နီပြည်သူ့ရင်ခွင်)

“ တပ်ကြပ်ကြီး မင်းခိုင် ရုပ်အလောင်းအားတော်လှန်းရေးတပ်ဖွဲ့မှ ကောင်းမွန်စွာ ပြန်လည်သဂြိုလ်ပေးလိုက်သည်။ စစ်ကောင်စီ တပ်ရင်း အမှတ် ၂၄၇ သက်ဆိုင်ရာ တပ်ရင်း မှူးကိုပြောချင်ပါတယ်ဗျာ။အသက်ပေး ပြီး တာဝန်ထမ်းဆောင် နေသည့်တပ်ကြပ်ကြီး မင်းခိုင်ရဲ့ရုပ်အလောင်းကို စောင်နဲ့ထုပ် ပြီး စွန့်ပစ်ထားခဲ့သည်။စစ်ကောင်စီနှင့်သက်ဆိုင်ရာများသိမြင်နိုင်ဖို့တင်ပေးရခြင်းဖြစ်ပါသည်စစ်ကောင်စစ်အနေဖြင့်ဒီထက် ပိုပြီး ကောင်းကောင်း မွန်မွန် ချီးမြှင့်သင့်တယ်လို့ ပြောချင်တယ် ဗျာ” ဟု ကရင်နီပြည်သူ့ရင်ခွင်တာဝန်ရှိသူက စာ​ရေးသား၍ပြောသည်။

(စစ်တပ်က စွန့်ပစ်ခဲ့​သောတပ်ကြပ်ကြီးရုပ်အ​လောင်းကို ကရင်နီတပ်ဖွဲ့က သဂြိုလ်ပေး​နေစဥ်။ ဓါတ်ပုံ-ကရင်နီပြည်သူ့ရင်ခွင်)
(စစ်တပ်က စွန့်ပစ်ခဲ့​သောတပ်ကြပ်ကြီးရုပ်အ​လောင်းကို ကရင်နီတပ်ဖွဲ့က သဂြိုလ်ပေး​နေစဥ်။ ဓါတ်ပုံ-ကရင်နီပြည်သူ့ရင်ခွင်)

ထို့အပြင် သေဆုံးသွားသည့် တပ်ကြပ်ကြီးမင်းခိုင် အနေဖြင့်​နောင်ဘဝတွင်စစ်အာဏာရှင်ဖက် မှ ပြည်သူလူထု ကို သတ်သည့် သူ မဖြစ်ဘဲ တိုင်းပြည်နှင့် ပြည်သူ လူထု ကို ကာကွယ်ခွင့်ရသူ ဖြစ်လာစေရန် ကရင်နီပြည်သူ့ရင်ခွင်က ဆုတောင်းကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ယခုလ ဆန်းပိုင်းကစ၍ ကရင်နီဒေသအနှံ့ ထိုးစစ်ဆင် နေသော စစ်ကောင်စီတပ်မှာ အထိနာ နေပြီး ဒီးမော့ဆို ၊ ဖယ်ခုံ ၊မိုးဗြဲ နှင့် ပင်လောင်း တိုက်ပွဲများ၌ သေဆုံးသူ ၄၀ ထက်မနည်းရှိပြီး စစ်ကောင်စီတပ်သားခြောက်ဦး ကို အရှင်ဖမ်းမိထားသည်။

You May Also Like

သတင်း

စစ်​ကောင်စီစစ်ကြောင်းသည် ကျေးရွာအတွင်းဝင်ရောက်ပြီး နေအိမ်နှစ်လုံးနှင့် ဆိုင်ကယ်များအပါအဝင်ပြည်သူပိုင်ပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့၍ ဒေသတွင်း မဟာမိတ်တပ်ပေါင်းစုက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ဖားကန့်တွင်စစ်ကောင်စီတပ် ဖမ်းဆီးမှုများဆက်တိုက်ပြုပြုလုပ်နေပြီး KIAမှတာဝန်ရှိသူများအနေဖြင့် မြေပြင်အခြေအနေကို ပိုမိုလေ့လာပြီး စစ်တပ်ကို အရှိန်မြှင့်တိုက်ခိုက်ပေးရန် ဒေသခံပြည်သူများကတောင်းဆိုသည်။

သတင်း

ယမန်နေ့ (မတ် ၁၄ရက်) နံနက် ၆နာရီခန့်က မင်းတုန်းမြို့နယ် ပုသိမ် - မုံရွာလမ်းပိုင်းရှိ (၅)မိုင်စစ် ဆေးရေးဂိတ်အား တပ်ရင်း (၄)Eagle Force နှင့် မိုးကြိုးပြောက်ကျားတပ်ဖွဲ့၊ ကျောင်းသားလက်ရုံးတပ် (S.A.F)တို့ ပူးပေါင်းပြီး (၄၀) မမဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

သတင်း

KNDF ကမူ မတ်လ ၁၂ ရက်တွင်အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရသူရုပ်အ​လောင်း ၂၈ ​လောင်း​တွေ့ရှိရ​ကြောင်းထုတ်ပြန်ထားသဖြင့် ယခုထုတ်ပြန်ချက်ထက် ၇ ဦးပိုများသည်။ထို​ကြောင့် ကျန် ၇ ဦး၏ ရုပ်အ​လောင်းနှင့် ပတ်သပ်၍ People's Spring ကစုံစမ်း​နေဆဲဖြစ်ပါသည်။