Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြိုင်မြို့သို့ ရိက္ခာပို့လာသည့် စစ်အုပ်စုအားတိုက်ခိုက် ရာ ခြောက်ဦးသေဟုဆို

တိုက်ပွဲမှာ ဖေဖော်ဝါရီ ၄ရက်က ပခုက္ကူခရိုင် အမှတ်(၆) တပ်ရင်း၊ အမှတ်(၂)တပ်ရင်းနှင့် အမှတ် (၇) တပ်ရင်းတို့မှ ပူးပေါင်း၍ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဟု ပခုက္ကူခရိုင်အမှတ် (၆)တပ်ရင်းက ယနေ့ ထုတ်ပြန်သည်။

(ယခုလ ၄ ရက်တိုက်ပွဲ အခြေအနေနှင့် စစ်ကောင်စီထံမှ သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းနှင့် ရိက္ခာအချို့အား တွေ့ရစဉ်။ ဓာတ်ပုံ - ပခုက္ကူခရိုင်အမှတ် (၆)တပ်ရင်း)
(ယခုလ ၄ ရက်တိုက်ပွဲ အခြေအနေနှင့် စစ်ကောင်စီထံမှ သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းနှင့် ရိက္ခာအချို့အား တွေ့ရစဉ်။ ဓာတ်ပုံ - ပခုက္ကူခရိုင်အမှတ် (၆)တပ်ရင်း)

▪️လက်နက်ခဲယမ်းနှင့် ရိက္ခာအချို့သိမ်းဆည်းရမိ

မကွေးတိုင်း၊ မြိုင်မြို့သို့ ရိက္ခာပို့လာသည့် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးအဖွဲ့အား တိုက်ခိုက်ရာ ခြောက်ဦးသေဆုံးပြီး လက်နက်ခဲယမ်းနှင့် ရိက္ခာအချို့သိမ်းဆည်းရရှိကြောင်း အဆိုပါ တိုက်ပွဲတွင်ပါဝင်ခဲ့သော ရဲဘော်တစ်ဦးက ပြောသည်။

တိုက်ပွဲမှာ ဖေဖော်ဝါရီ ၄ရက်က ပခုက္ကူခရိုင် အမှတ်(၆) တပ်ရင်း၊ အမှတ်(၂)တပ်ရင်းနှင့် အမှတ် (၇) တပ်ရင်းတို့မှ ပူးပေါင်း၍ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဟု ပခုက္ကူခရိုင်အမှတ် (၆)တပ်ရင်းက ယနေ့ ထုတ်ပြန်သည်။

(ယခုလ ၄ ရက်တိုက်ပွဲ အခြေအနေနှင့် စစ်ကောင်စီထံမှ သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းနှင့် ရိက္ခာအချို့အား တွေ့ရစဉ်။ ဓာတ်ပုံ - ပခုက္ကူခရိုင်အမှတ် (၆)တပ်ရင်း)
(ယခုလ ၄ ရက်တိုက်ပွဲ အခြေအနေနှင့် စစ်ကောင်စီထံမှ သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းနှင့် ရိက္ခာအချို့အား တွေ့ရစဉ်။ ဓာတ်ပုံ – ပခုက္ကူခရိုင်အမှတ် (၆)တပ်ရင်း)

စစ်ကောင်စီဘက်မှ ခြောက်ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းနှင့် ရိက္ခာအချို့သိမ်းဆည်းရခဲ့သည်ဟု ဆိုသည်။

“ နှစ်ဖက်ညှပ်အနေအထားကနေ ရအောင်တိုက်ခဲ့တာဆိုတော့ အန္တရာယ်တော့များတယ်။ ဒါပေမယ့် ဖြစ်အောင်လုပ်ခဲ့တာပဲ” ဟု အဆိုပါ တိုက်ပွဲတွင်ပါဝင်ခဲ့သော ရဲဘော်တစ်ဦးက ပြောသည်။

ပူးပေါင်းတပ်မှ ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

တော်လှန်ရေးကာလ ​​ကြာမြင့်လာချိန်တွင် တပ်ဖွဲ့အချင်းချင်း ပူးပေါင်းလုပ်ဆောင်နိုင်မှုများလည်းပိုမိုကောင်းမွန်လာပြီး ယခင်ကထက်ပိုမိုစည်းစနစ်ကျစွာ တိုက်ပွဲများဖော်ဆောင်လာနိုင်ပြီဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

You May Also Like

သတင်း

ကျိုက်ထိုမြို့နယ် ရန်ကုန် - မော်လမြိုင် အဝေးပြေးလမ်းမဘေး တစ်နေရာ၌ စစ်ကောင်စီ ယာဉ်တန်းများလုံခြုံရေးအတွက် ကင်းပုန်းဝပ်ရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့အား KRFနှင့် KNLA တပ်ရင်း(၃) ပူး​ပေါင်းတပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

နိုင်ငံတကာ

အိန္ဒိယဟာ ရုရှားနဲ့ ကာကွယ်ရေး၊ သံတမန်ရေး၊ ကုန်သွယ်ရေးဆိုင်ရာ နီးနီးကပ်ကပ် ဆက်ဆံမှုတွေ ရှိခဲ့ပြီး အနောက်နိုင်ငံတွေက ရုရှားရဲ့ စွမ်းအင်ထုတ်ကုန် ကဏ္ဍအပေါ် ဝိုင်းဝန်း အရေးယူ ပိတ်ဆို့ချိန်မှာ ရုရှားဆီက ရေနံစိမ်းကို လျှော့စျေးနဲ့ ဝယ်ယူနေခဲ့ပါတယ်။

သတင်း

မွန်းလွဲ ၂ နာရီ ၂၅မိနစ်တွင်လည်း သံပုရာခြံကျေးရွာအနီးတွင် စစ်ကောင်စီတပ်အား မိုင်း နှစ်လုံးဖြင့် တိုက်ခိုက်ရာ သုံးဦး အနက် နှစ်ဦးလဲကျသွားကြောင်း မြိုင်(ပကဖ)ခေါင်းဆောင် ကိုလက်ယျာက ပြောသည်။

သတင်း

လတ်တလောတွင် မြောက်နုန်းရွာဒေသခံများအတွက် အဝတ်အထည်နှင့် စားနပ်ရိက္ခာ အကူအညီများလိုအပ်နေသည်ဟု မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။