နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌဟောင်း ဦးမြငြိမ်း၏နေအိမ်အပါအဝင် စစ်ရေးပစ်မှတ်လေးခုကို NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန MOD ၏ မြို့ပြအထူးစစ်ဆင်ရေးဌာနမှ UG အဖွဲ့က လေးရက်အတွင်းတိုက်ခိုက်ခဲ့ကြောင်း နေပြည်တော်စစ်ဒေသခွဲမှ တာဝန်ရှိသူတစ်ဦးက People’s Spring သတင်းဌာနသို့ ပြောသည်။
အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုများကို ဖေဖော်ဝါရီ ၂၇ ရက်တွင် ဇေယျာသီရိမြို့နယ်တွင် တစ်ကြိမ်၊ ဖေဖော်ဝါရီ ၂၈ ရက်တွင် ဇမ္ဗူသီရိမြို့နယ်တွင် တစ်ကြိမ်၊ မတ် ၁ ရက်တွင် ဇမ္ဗူသီရိမြို့နယ်၌ နောက်တစ်ကြိမ်နှင့် ဇမ္ဗူသီရိနှင့် ဒက္ခိဏသီရိမြို့နယ်အစပ်တွင် တစ်ကြိမ်ဖြင့် စုစု ပေါင်း လေးကြိမ်ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
▪︎စစ်တပ်ဂိတ်ကိုတိုက်ခိုက်မှု(ဖေဖော်ဝါရီ ၂၇)
နေပြည်တော် ဇေယျာသီရိမြို့နယ် သိုက်ချောင်းနှင့် မုဆိုး မအိမ်ရာကြားရှိ တံတားစောင့် စစ်တပ်ဂိတ်အား ဖေဖော် ဝါရီ ၂၇ ရက်နေ့ည ၇ နာရီ ၄၅ မိနစ်ခန့်က လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ထိုတိုက်ခိုက်မှုတွင် အစောင့်စစ်သားများ ရိပ်မိသွားသောကြောင့် ပစ်မှတ်သို့ ထိရောက်အောင် ဖောက်ခွဲပစ်ခတ်နိုင်ခြင်းမရှိခဲ့ဘဲ စစ်တပ်ဘန်ကာအနီးသို့သာ ပစ်ခတ်နိုင်ခဲ့သည်ဟု ဆိုသည်။

▪︎ဦးမြငြိမ်းအိမ်အားတိုက်ခိုက်မှု(ဖေဖော်ဝါရီ ၂၈)
ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက် မြစ်ငယ်လမ်းနှင့် စန္ဒီလမ်းထောင့်ရှိ အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌဟောင်း ဦးမြငြိမ်း၏နေအိမ်အား ဖေဖော်ဝါရီ ၂၈ ရက်နေ့ည ၇ နာ ရီခန့်တွင် မြို့ပြအထူးစစ်ဆင်ရေးဌာနအောက်ရှိ UG ရဲ ဘော်များက လက်ပစ်ဗုံးဖြင့် သွားရောက်ပစ်ခတ် ဖောက် ခွဲတိုက်ခိုက်ခဲ့သည်။ ဖော်ခွဲတိုက်ခိုက်မှုကြောင့် ထိခိုက်မှုအခြေအနေကိုမူမသိရပေ။
ဦးမြငြိမ်းသည် စစ်တပ်ကြောထောက်နောက်ခံ ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP ၏ ထိပ်တန်းအဖွဲ့ဝင်ဟောင်းတစ်ဦးလည်း ဖြစ်သည်။
“ တိုက်ခိုက်မှု၏ရည်ရွယ်ချက်မှာ မြငြိမ်းသည် အာဏာရူးမင်းအောင်လှိုင်၏ အာဏာသိမ်းမှုလုပ်ငန်းစဥ်နှင့် အ ကြမ်းဖက်မှုများတွင် နောက်ကွယ်မှ ပူးပေါင်းပါဝင် ပတ်သက်နေခြင်းကြောင့် ဖြစ်ပါသည်” ဟု တိုက်ခိုက်မှုလုပ်ဆောင်ခဲ့သည့် စစ်တောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့(နေပြည်တော်)က အသိပေးသည်။

▪︎ဆည်မြောင်းညွှန်ချုပ်ဟောင်ဆိုင်အားတိုက်ခိုက်မှု (မတ်၁)
နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ Mandalay Paradise စားသောက်ဆိုင်အား မတ် ၁ ရက်နေ့ည ၈ နာရီဝန်းကျင်ခန့်တွင် မြို့ပြပြောက်ကျားရဲဘော်များက ဗုံးခွဲတိုက်ခိုက်ခဲ့သည်။
အဆိုပါ စားသောက်ဆိုင်ပိုင်ရှင်သည် USDP အစိုးရလက်ထက် သမ္မတဟောင်းဦးသိန်းစိန်နှင့် ပုဂ္ဂိုလ်ရေးအရ ရင်းနှီးသူ ဦးကျော်မြင့်လှုင်ပိုင်ဆိုင်သည့် စီးပွားရေးလုပ် ငန်းတစ်ခုဖြစ်ပြီး ၎င်းသည် ဆည်မြောင်းညွှန်ကြားရေးမှူးချုပ်ဟောင်းတစ်ဦးလည်း ဖြစ်သည်။ ဦးကျော်မြှင့်လှိူင်သည် ဆည်မြောင်းညွှန်ချုပ်တာဝန်ထမ်းဆောင်စဥ်အဂတိလိုက်စားမှုများဖြင့် နာမည်ကြီးသူဖြစ်သည်။ ယဥ်ကျေးမှုဒုဝန်ကြီးဟောင် ဒေါ်စန္ဒာခင်၏ ခင်ပွန်းဖြစ်သည်။
▪︎စစ်ဆေးရေးဂိတ်ကိုတိုက်ခိုက်မှု (မတ် ၂ )
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်အစပ်ရှိ ချိုင်းရွာလမ်းဆုံမှ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို မတ် ၂ ရက်နေ့ ညနေ ၆ နာရီ ၁၅ ခန့်တွင် UG ရဲဘော်များက ဖောက်ခွဲတိုက်ခိုက်ခဲ့သေးသည်။
အဆိုပါတိုက်ခိုက်ခံရမှုကြောင့် စစ်ဆေးရေးဂိတ်မှ စစ်ကောင်စီတပ်သားလေးဦး ထိခိုက်မှုရှိခဲ့သည်ဟု ဒေသခံများက ပြောဆိုကြသော်လည်း သေဆုံးမှုရှိမရှိအား People’s Spring က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
“ မြို့ပြ UG တွေလုပ်ဆောင်တာပါဗျ။ စစ်တောင်းမြို့ပြပြောက်ကြားအဖွဲ့ နေပြည်တော်က လုပ်ဆောင်တာပါ။ ၎င်းအဖွဲ့ဟာ ယခင်လို အလွတ်တန်း UG အဖွဲ့မဟုတ်တော့ဘဲ MOD အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မြို့ပြအထူးစစ်ဆင်ရေးဌာန လက်အောက်ခံအဖွဲ့အစည်းဖြစ်ပါတယ်” ဟု အထက်ပါ စစ်ရေးတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့သည့် UG အဖွဲ့နှင့်စပ်လျဥ်း၍ နေပြည်တော်စစ်ဒေသခွဲ တာဝန်ရှိသူက People’s Spring သို့ ရှင်းပြသည်။
နောက်နောင်တွင်လည်း နေပြည်တော်နယ်မြေအတွင်း စစ်ရေးတိုက်ခိုက်မှုများကို ပိုမိုထိရောက်သော နည်းလမ်း များဖြင့် ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း စစ်တောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့(နေပြည်တော်)က အသိပေးထားသည်။
ထိုအပြင်ဖေဖော်ဝါရီလတွင် နေပြည်တော်ရှိဥတ္တသီရိမြို့နယ်တွင် အခြေစိုက်သည့် အမှတ် (၈)လေကြောင်းရန်ကာကွယ်ရေး ကွပ်ကဲမှုဌာန ချုပ်အောက်မှ လေဆိပ်ဗျူဟာအား PDF တပ်ပေါင်းစုကဖေဖေည်ဝါရီ ၂၂တွင် တာဝေးပစ်လက်နက်များဖြင့် တိုက်ခိုက်ခဲ့ရာ အဆောက်အအုံတစ်ခုကိုထိ့မှန်ခဲ့ကြောင်းနေပြည်တော်PDF ကပြောသည်။
