မကွေးတိုင်း၊ ထီးလင်းမြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီတပ်သားသုံးဦးသေဆုံးပြီး သေနတ်နှင့် ခဲယမ်း များရရှိကြောင်း PDF ထီးလင်းက ယနေ့ ထုတ်ပြန်သည်။
အမှတ် ၂၄ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)မှစစ်ကောင်စီတပ်သားများသည် ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ပတ်ကင်း ထွက်လာစဥ် ကျင်းအရှေ့ပုံတောင်နတ်ထိပ်၌ ဂန့်ဂေါခရိုင် အမှတ် ( ၂ ၊၄ ၊၁၀)တပ်ရင်းများနှင့် ထိတိုက်တွေ့ဆုံ၍ အပြန်အလှန်တိုက်ခိုက်မှု့ ဖြစ်ပွားခဲ့သည်ဟု သိရသည်။
တိုက်ပွဲတွင် မျက်မြင်အတည်ပြုချက်အရ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး MA 1 တစ်လက် ကျည်ဘောက် ၃ ခု ၊ကျည်တောင့် ၈၀၊ ခါးပတ်အီကွက်မန့်တစ်ခုကို သိမ်းဆည်းရရှိခဲ့ကြောင်း အသိပေးသည်။
“လက်ရှိစခ တွေဘက်က စစ်ကြောင်းထိုးနေတယ်။ထီး လင်း အပါအဝင်ကျောက်ထု နဲ့ဆောမှာပါတိုက်ပွဲက အချိန်မရွေး ထပ်ဖြစ်နိုင်တယ်”ဟု ထီးလင်း PDF တပ်ဖွဲ့ဝင်တစ်ဦးက People’s Spring သတင်းဌာနသို့ပြောသည်။
ဂန့်ဂေါခရိုင် တပ်ရင်းမှ ရဲဘော်များအထိခိုက်အကျအဆုံးမရှိ ကောင်းမွန်စွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်းလည်း အသိပေးထားသည်။
တိုက်ခိုက်မှု ဗျူဟာအရအချိန်နှင့်တစ်ပြေးညီ သတင်း မထုတ်ပြန်ပေးနိုင်သည်ကိုပြည်သူများအနေဖြင့် နားလည်ပေးစေလိုကြောင်းလည်း PDF ထီးလင်းက မေတ္တာရပ်ခံသည်။
