တရုတ် − မြန်မာ နယ်စပ်က ကချင်ပြည်နယ် ၊ ကန်ပိုက်တီမြို့အမည်ဟာ နိမိတ်မကောင်း လို့ဆိုကာ စစ်ကောင်စီက ဒီနှစ် ဖေဖော်ဝါရီလ ၁၄ ရက်မှာ အမည်ပြောင်းလိုက်ပါတယ်။
ကန်ပိုက်တီ ဆိုတဲ့နာမည်ဟာ တရုတ်လို ခြောက်သွေ့ပျက်စီးတဲ့နေရာလို အဓိပ္ပါယ်ရတဲ့အတွက် နိမိတ်မကောင်းလို့ဆိုပြီး မြို့အမည်ကို ကံပိုင်တည် ဆိုပြီး ပြောင်းလဲလိုက်တယ်လို့ စစ်ကောင်စီက ဆိုထားပါတယ်။
ကံပိုင်တည် ဆိုတာဟာ ကံ = ကံကောင်းခြင်း ၊ ပိုင် = ပြည်ထောင်စုက ပိုင်ဆိုင်ခြင်း ၊တည် = တည်ငြိမ်ခြင်း ဆိုတဲ့ အဓိပ္ပါယ်ရတယ်လို့လည်း စစ်ကောင်စီက ပြောထားပါတယ်။
ဒါကြောင့် ကန်ပိုက်တီနာမည်အစား ကံပိုင်တည်မြို့လို့ ပြောင်းခေါ်ရမယ်လို့လည်းစစ်ကောင်စီက ကြေညာပါတယ်။
စစ်ကောင်စီနာမည်ပြောင်းလိုက်တဲ့ မြို့ဟာကချင်ပြည်နယ် ၊ဝိုင်းမော်မြို့နယ်ထဲမှာရှိပြီး မြို့နယ်ခွဲ ဖြစ်ကာ တရုတ် − မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းရှိပါတယ်။
