ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ စစ်ကောင်စီ၏ အခြေစိုက်စခန်းများကို တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း ကရင်နီစစ်ဖက်ဆိုင်ရာဗဟိုသတင်း ထုတ် ပြန်ရေးအဖွဲ့ KMICက ပြောသည်။
ဖေဖော်ဝါရီ၂၀ရက် နံနက် ၈ နာရီခန့်က ရှားတောမြို့အနီရှိ စစ်ကောင်စီ၏ ခမရ (၅၁၀)တပ်၏ မြို့တွင်းစခန်းကို ကရင်နီတပ်မတော်(KA)နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)တို့ပူးပေါင်း တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ ထိခိုက် သေဆုံးမှုကို KMIC က စုံစမ်းဆဲဖြစ်ကြောင်း အသိပေး ဒသည်။

အလားတူ ယခုလ ၁၆ ရက်တွင် ဖရူဆိုအခြေစိုက် ခမရ (၅၃၁)တပ်အတွင်း ကရင်နီတပ်မတော်က ဝင် ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးကြောင်း ဖော်ပြသည်။
ထို့ကြောင့် ယမန်နေ့ကစ၍ စစ်ကောင်စီတပ်မှာ ဖရူဆိုမြို့အရှေ့ခြမ်းတစ်လျှောက် ကင်းထောက် ရဟတ်ယာဥ်ဖြင့် စစ်ကောင်စီက ထောက်လှမ်းလာသည်ဟု ဆိုသည်။
တိုက်ခိုက်မှု ဖြစ်စဥ်များတွင် စစ်ကောင်စီတပ်က လက်နက်ကြီး များအသုံးပြု ပစ်ခတ်ခဲ့သော်လည်း ကရင်နီပူးပေါင်းတပ်မှ ထိခိုက်သူမရှိခဲ့ပေ။
“မနေ့က ဒီးမော့ဆိုဘက်မှာလည်း တိုက်လေယာဥ်နှစ်စီး ပျံဝဲပြီးခြိမ်းခြောက်ပစ်ခတ်ခဲ့တာမျိုးရှိတယ်။အထိအခိုက်တော့ မသိပေးမယ်။သူတို့ ဘက်က အသေအဆုံးများရင် လေကြောင်း နဲ့ လက်နက် ကြီး ပစ်ကူက အဆမတန်ကို စစ်ကောင်စီက သုံးနေ တယ်”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။
ဖေဖော်ဝါရီ ၁၉ ရက်က ရှမ်း-ကရင်နီ နယ်စပ်တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်သား ငါးဦးဖမ်းဆီးရမိပြီး ခြောက်ဦးသေဆုံးကြောင်းနှင့်အတူ လက်နက်မျိုးစုံ(၁၀)လက်နှင့် ကျည်ဆံ၊ ခဲယမ်းများ ကို ကရင်နီတပ်မတော် KAက သိမ်းဆည်းရရှိခဲ့သည်။
