ကလေးမြို့ ၊မြို့လှရပ်ကွက်ရှိစစ်ကောင်စီစစ်ရေးဂိတ်ကို ကလေးမြို့ပြပျောက်ကြားအဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ရာစစ်ကောင်စီတပ်သားလေးဦးသေဆုံးခဲ့ကြောင်းထုတ်ပြန်သည်။
ဖေဖော်ဝါရီ ၂၀ရက်ညနေ၆နာရီခန့်ကမြို့လှရပ်ကွက်မြို့ပတ်လမ်းမပေါ်ရှိဂိတ်စောင့်အစောင့်နေသည့်အစောင့်စစ်သား၃ဦးကိုကလေးမြို့ပြစီမံချက်(UG)အဖွဲ့ကစနိုက်ပါနှင့်မောင်းပြန်များကို အသုံးပြု၍ပစ်ခတ်ခဲ့သည်။ ထိုပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သား ၃ ဦးစလုံးသေဆုံးခဲ့ပြီး ပစ်ခတ်နေချိန်တွင် မြို့လှရပ်ကွက်၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်သား ၆ ဦးထပ်မံရောက်ရှိလာသဖြင့် ပစ်ခတ်ရာ တစ်ဦးထပ်မံသေဆုံးခဲ့သည်ဟု အဆိုပါအဖွဲ့ကထုတ်ပြန်သည်။
ထိုသို့ပစ်ခတ်နေစဉ်ရပ်ကွက်အတွင်းနှစ်ထပ်အိမ်တွင်တပ်စွဲထားသည့်စစ်ကောင်စီတပ်သား ၅၀ခန့်ထပ်မံရောက်ရှိလာ၍ မြို့ပြပြောက်ကျားတပ်ဖွဲ့များချက်ချင်းနောက်ဆုတ်လာခဲ့ရခြင်းဖြစ်သည်ဟုအဖွဲ့ကအသိပေးသည်။

“တိုက်ခိုက်မှုကဟုတ်တယ်။ကျွန်တော်တို့သတင်းကြားတယ်။UG အဖွဲ့တွေသိုသိုသိပ်သိပ်လှုပ်ရှားတာမို့ကျွန်တော်တို့မမေးတာပါ” ဟုကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တဦးကပြောသည်။
ကလေးမြို့ခံတစ်ဦးကလည်း“အဲ့နေရာကနေပြည်သူတွေကို အကျပ်ကိုင်စစ်ဆေးနေတဲ့ နေရာပါ။ ဒါကို ဝင်ပစ်တာ အဲ့နေ့က သုံးယောက်ပဲရှိတော့ သုံးယောက်ပဲသေတယ်”ဟုပြောသည်
ကလေးမြို့တွင်း စစ်ရေးအရှိန်မြင့်တက်လာခြင်းကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီစစ်ကြောင်းများ၊ စစ်ကောင်စီခန်းများနှင့် နေရာများ အနီးကို သွားလာခြင်းမပြုရန်နှင့် အဝေးမှရှောင်ရှားသွားကြရန် PDF(ကလေး)က တာဝန်ရှိသူကသတိပေးထားသည်။
