Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဂန့်ဂေါတွင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနေအိမ်မှဖောက်ခွဲရေးသုံး ပစ္စည်းနှင့်စစ်ဝတ်စုံများသိမ်းဆည်းရမိဟုယောPDFထုတ်ပြန်

လက်ရှိတွင်အဆိုပါ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနေအိမ်သို့ကျေးရွာ ပအဖ၊ ပကဖများ၏ ခွင့်ပြုချက်မရရှိဘဲ မည်သူမှ ဝင်ထွက်သွားလာခြင်း မလုပ်ကြရန် ကျေးရွာတွင်း သတိပေးထားပြီး မလိုက်နာပါက အရေးယူမည်ဟု ထုတ်ပြန်ခဲ့သည်။

(သိမ်းဆည်းရမိ​သော ပစ္စည်းများ ။ဓါတ်ပုံ-YPDF)
(သိမ်းဆည်းရမိ​သော ပစ္စည်းများ ။ဓါတ်ပုံ-YPDF)

မကွေးတိုင်း ဂန့်ဂေါမြို့နယ် ဘော်ပြင်းကျေးရွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ အိမ်မှ စစ်ကောင်စီ အသုံးအဆောင်ပစ္စည်းများ၊ ဖောက်ခွဲရေးသုံးပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်(YPDF)က သတင်းထုတ်ပြန်သည်။

ဘော်ပြင်းကျေးရွာရှိ ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ ဦးစိန်မြင့်နေအိမ်ကို YPDF ရဲဘော်များက ဖေဖော်ဝါရီ ၁၉ရက်ညပိုင်း၌ ဝင်ရောက်ရှာဖွေရာနေအိမ်အတွင်းမှစစ်ယူနီဖောင်း(အစိမ်း)၁၇ စုံ၊ တိုက်ပွဲဝင်ယူနီဖောင်း (ပြောက် ကျား) ၄ စုံ၊ အရာရှိ လျှာထိုးဦးထုပ် ၁ လုံး၊ ရိုးရိုးဦးထုပ် ၄ လုံး၊ ကြယ် ၂ ပွင့်စီတပ်ထားသည့် ပခုံးတင် ဘား ၂ စုံ၊ ဟန်းကော ၁ လုံး၊ စစ်ဖိနပ် ၂ ရံနှင့် ဖောက်ခွဲရေးသုံးပစ္စည်းများ ရရှိခဲ့သည်ဟု ဆိုသည်။

တွေ့ရှိသည့် စစ်ယူနီဖောင်းများမှာ ဦးစိန်မြင့်၏သားဖြစ်သူ DSTA ကျောင်းဆင်း၏ ယူနီဖောင်းများ ဖြစ်သည်ဟု ယူဆရကြောင်း ဖော်ပြသည်။

ဦးစိန်မြင့်၏ မိန်းမဖြစ်သူမှာလည်းNon CDMကျောင်းဆရာမဖြစ်ကာ ရွာမှ ထွက်ပြေးနေသည်မှာ တစ်နှစ်ကျော်ကြာပြီဖြစ်ကြောင်း၊ ယခင်က ခလရ(၅၀)တွင် ခိုလှုံနေခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

လက်ရှိတွင်အဆိုပါ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနေအိမ်သို့ကျေးရွာ ပအဖ၊ ပကဖများ၏ ခွင့်ပြုချက်မရရှိဘဲ မည်သူမှ ဝင်ထွက်သွားလာခြင်း မလုပ်ကြရန် ကျေးရွာတွင်း သတိပေးထားပြီး မလိုက်နာပါက အရေးယူမည်ဟု ထုတ်ပြန်ခဲ့သည်။

Facebook

You May Also Like

သတင်း

ပုသိမ်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်​လက်အောက်ခံ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များအား PDF အဖွဲ့များက သုတ်သင်ရှင်းလင်းခဲ့ဖူးသည်။

သတင်း

ယမန်နေ့ (ဖေဖော်ဝါရီ ၂ဝ ရက်)ည ၇ နာရီခန့်က ငါန်းဇွန်မြို့နယ် သားကျင်ရွာ(အ.ထ.က) ကျောင်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်၏ ကင်းပတ်ထွက်ချိန် ဒေသတွင်း PDF များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သတင်း

ယခုတစ်ပတ်အတွင်း ရန်ကုန်-နေပြည်တော် တိုးဂိတ် အပါအဝင် အဝေးပြေးကားဝန်း နှင့် နယ်မြေအလိုက် စစ်ဆေးမှုများကို လုံခြုံ​ရေးစည်း ၂ စည်းဖြင့်စစ်ကောင်စီတပ်က လုံခြုံရေးတိုးမြှင့်နေသည်ဟု သိရသည်။

သတင်း

တိုက်ပွဲချိန် ၅မိနစ်ခန့်အကြာတွင် စစ်ကောင်စီဘက်မှ အသင့်စောင့်နေသော စစ်ကူများရောက်လာပြီး ခန့်မှန်းအင်အား ၈၀ကျော်အထိများလာခဲ့သည်ဟု ပြည်သူ့စွမ်းအားတပ်ပေါင်းစု - PPCက ထုတ်ပြန်သည်။