ကင်းပုန်းဝတ်နေသောနေရာသို့ နယ်ကျွံလာသည့် စစ်ကောင်စီတပ်သားတစ်ဦးကို ပစ်ခတ်ဖမ်းဆီးရမိခဲ့ပြီး (MA – 1)လက်နက်တစ်လက်ပါရရှိကြောင်း ကျောက်ထု PDF (YRPA) တာဝန်ရှိသူက ပြောသည်။
ဖြစ်စဥ်အရ ဇန်နဝါရီ ၃၀ ရက် ညနေ ၆နာရီ ၁၅ မိနစ်ခန့်တွင် ခလရ (၂၇၄)တပ်ရင်းမှ ထိုးစစ်ဆင် လာသည့် စစ်ကောင်စီတပ်သားများထဲမှ တပ်သားတစ်ဦးသည် ဂန့်ဂေါခရိုင်တပ်ရင်း (၈) ကင်းပုန်းဝပ်နေသော နေရာသို့ နယ်ကျွံလာခဲ့ခြင်းဟု ဆိုသည်။
ထို့ကြောင့် ၎င်းကိုအသေပစ်ခတ်ဖမ်းဆီးခဲ့ပြီး (MA – 1)လက်နက်တစ်လက်ရရှိကြောင်း အသိပေးသည်။
“အရက်အလွန်အကျွံသောက်ထားပုံရတယ်။ဘာကြောင့် ကျွံလာလဲတော့ မသိဘူး။သေနတ်ပါလာတော့ အန္တရယ်ကြောင့် အသေပဲပစ်ခတ်လိုက် တယ်”ဟု ကျောက်ထုPDF ( YRPA )တာဝန်ရှိသူက ပြောသည်။
မကြာသေးမီရက်ပိုင်းကလည်း ဆောမြို့နယ်သို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို ဂန့်ဂေါခရိုင်တပ်ရင်း (၈/၉ )၊ ဆောPDF တပ်ရင်း(၂) (YRPA)နှင့် ပကဖ တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းလည်း သိရသည်။
သုံးရက်တာတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ကိုးဦးသေဆုံးပြီး နှစ်ဦးပြင်းထန်ဒဏ်ရာရရှိကြောင်းလည်း YRPA က ဆိိုသည်။
