မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်ကောင်စီတပ်နှင့်ပျူစောထီးများအား လိုင်းကြေးပေးပြီးဖွင့်နေသည့် လောင်းကစားဝိုင်းနှစ်ဝိုင်းအား ဝင်ရောက်စစ်ဆေးသတိပေးခဲ့ကြောင်း လူကြမ်းကြီးအထူးပြောက်ကျားတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ယမန်နေ့ (ဇန်နဝါရီ၂၈ ရက်) မွန်းလွဲ ၁ နာရီခွဲခန့်က မြင်းခြံမြို့နယ်တစ်နေရာရှိ လောင်းကစားဝိုင်းတစ်ခုနှင့် လယ်သစ်ရွာက ပျူငပေါက်ကဆိုသူကို လိုင်းကြေးပေးပြီး ဖွင့်နေသည့် ကြက်ဝိုင်းတစ်ဝိုင်းအား သတိပေးခဲ့ကြောင်း လူကြမ်းကြီးအထူးပြောက်ကျားတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“လောင်းကစားဝိုင်းတွေကို သွားရောက်ဖမ်းဆီးခဲ့တဲ့ အကြောင်းကတော့ လယ်သစ်ရွာကပျူစောထီးခေါင်းဆောင် ငပေါက်ကို လိုင်းကြေးပေးလုပ်နေလို့ သတိပေးခြင်းသက်သက်ဖြစ်ပါတယ်။လူတွေကိုလည်း မဖမ်းခဲ့သလို ဘာပစ္စည်းမှမသိမ်းခဲ့ပါဘူး။ သတိပေးခြင်းသက်သက်ပါ။”ဟု ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ထို့အပြင် မြင်းခြံမြို့နယ်အတွင်းရှိ စစ်ကောင်စီထောက်တိုင် လောင်းကစားဝိုင်းများ ဆက်လက်ပြုလုပ်ပါက ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်း လူကြမ်းကြီး အထူးပြောက်ကျားတပ်ဖွဲ့က သတိပေးသည်။
