▪︎စစ်ကောင်စီမြေစာရင်းရုံးလည်းယနေ့နံနက်မီးလောင်
စစ်ကောင်စီက ညမထွက်ရအမိန့်ထပ်တိုးထုတ်ပြန်ထားသည့်ဘုရားသုံးဆူမြို့တွင် ယနေ့ညတိုက်ပွဲဖြစ်ပွားနေပြီးစစ်ကောင်စီ၏ မြေစာရင်းရုံးကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကယနေ့နံနက်တွင်မီးရှိ့လိုက်သည်။
“သေနတ်သံတွေ ဆူညံနေတာ။ ည၁၀ နာရီလောက်ကစတာ။ ၁၀ နာရီခွဲလောက်မှာရပ်သွားတယ်”ဟု ဘုရားသုံးဆူမှဒေသခံတစ်ဦးကပြောသည်။တိုက်ပွဲအတွင်း ထိခိုက်မှုအခြေအနေကိုမူ လတ်တလောမသိရသေးပေ။
ဘုရားသုံးဆူမြို့ မြေစာရင်းရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဇန်နဝါရီလ ၂၉ရက်နေ့ နံနက်တွင်း မီးရှို့ဖျက်ဆီးလိုက်ပြီး ညနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။
ကြာအင်းဆိပ်ကြီးခရိုင် ၊ဘုရားသုံးဆူမြို့ ရှိ ထွေအုပ်ရုံး၊ လဝကရုံးနှင့် စည်ပင်ရုံးများကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်များကဇန်နဝါရီလ ၂၃ရက်ညကမီးရှို့ ဖျက်ဆီးခဲ့သည်။
ထို့နောက်စစ်ကောင်စီကယခင်ထုတ်ပြန်ထားဆဲဖြစ်သော ည၆ညနာရီမှ မနက် ၅ညနာရီအတွင်းညမထွက်ရဟူသောအမိန့်နှင့် လူငါးဦးထက်ပိုမစုဝေးရဟူသောအမိန့်ကိုဇန်နဝါရီလ (၂၆)ရက်တွင်သက်တမ်းတိုးခဲ့သည်။
ညမထွက်ရအမိန့်ထပ်တိုးထုတ်ပြန်သည့် စစ်ကောင်စီ၏လုပ်ရပ်ကို ဒေသခံများကဝေဖန်သည်။
“သူတို့(စစ်ကောင်စီ)တောင်ရုံးထိုင်စရာရုံးမရှိဘဲ ညမထွက်ရအမိန့်လာထုတ်နေတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။
