ပုလောမြို့နယ်၌ ဇန်နဝါရီ ၆ရက် တိုက်ပွဲတွင် အထိနာခဲ့သောစစ်ကောင်စီတပ်က ရှပ်ပုံစံပြကျေးရွာအား မီးရှို့ဖျက်ဆီးနေကြောင်း တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်သည်။
စစ်ကောင်စီက ရှပ်ပုံစံပြကျေးရွာအား ယနေ့ (ဇန်နဝါရီ ၁၉ ရက်)နံနက် ၉နာရီခန့်မှစတင်၍ မီးရှို့ဖျက်ဆီးနေဖြစ်သည်။

“ရွာကိုမီးရှို့နေပြီ။ ရွာသားတွေကတော့ အရင်ကတည်းက ရှောင်နေကြတာ။ စစ်ကောင်စီ ပတ်ရမ်းနေတာ”ဟု တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်များနှင့် စစ်ကောင်စီတပ်သည် ရှပ်ပုံရွာအတွင်း ဇန်နဝါရီ ၆ ရက်က တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးနှင့် ပျူစောထီးတစ်ဦးကို သေဆုံးခဲ့သည်ဟု ဆိုသည်။
