စစ်တပ်အာဏာသိမ်းချိန်ကစပြီး ၂၃ လတာအတွင်း ပြည်သူ ၁၆,၀၀၀ ကျော်ဖမ်းဆီးခံခဲ့ရပြီး စစ်အုပ်စုနဲ့ လက်ပါးစေတွေလက်ချက်ကြောင့် သေဆုံးခဲ့ရသူဟာ ၂,၆၈၈ ဦးရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ကဒီနေ့မှာစာရင်းထုတ်ပြန်ပါတယ်။
အဲဒီစာရင်းဟာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ လ ၃၁ ရက်နေ့အထိဖြစ်တယ်လို့သိရပါတယ်။
ဖမ်းဆီးခံရသူ ၁၆,၇၄၀ ဦးထဲမှာ ပြန်လည်လွတ်မြောက်လာသူတွေရှိပေမယ့် ၁၃,၂၁၇ ဦးဟာ ထိန်းသိမ်းခံရဆဲဖြစ်ပါတယ်။
အဲဒီလို ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသမီးဦးရေဟာ ၂၀ ရာခိုင်နှုန်းပါဝင်ခဲ့ပြီး ၃,၄၅၅ ဦးရှိတယ်လို့ သိရပါတယ်။
အသက်မပြည့်သေးတဲ့ ကလေး စုစုပေါင်း ၄၈၂ ဦးဖမ်းခံခဲ့ရပါတယ်။
စစ်ကောင်စီနဲ့ လက်ပါးစေတွေနဲ့ လက်ချက်ကြောင့်သေဆုံးသူဦးရေဟာ ၂,၆၈၈ ဦးထိရှိခဲ့တယ်လို့လည်းသိရပါတယ်။
ဖမ်းဆီးခံရသူ ၊သတ်ဖြတ်ခံရသူ ဦးရေအများဆုံးဟာ ရန်ကုန်တိုင်းကဖြစ်တာကိုလည်း AAPP ရဲ့စာရင်းမှာတွေ့ရပါတယ်။
