AA ၊TNLA နှင့် MNDAA မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့တို့က နွေဦးတော်လှန်ရေးမှပေါက်ဖွားလာသော တော်လှန်ရေးအဖွဲ့အစည်းများထဲမှ ပြည်သူထောက်ခံမှုကိုရရှိထားပြီး တော်လှန်ရေးဆန်သော အဖွဲ့အစည်းအချို့နှင့်လက်တွဲကာ မိမိတို့အားလုံးနှင့် မြန်မာပြည်သူတစ်ရပ်လုံး မျှော်မှန်းထားသောဘုံရည်မှန်းချက်များ ပြည့်ဝစေရန် ၊လက်ရှိအခြေအနေကို အကောင်းဆုံးကျော်လွှားနိုင်ရန် နှင့် စစ်အာဏာရှင်စနစ်ကိုတိုက်ထုတ်နိုင်ရန်အတွက် လုပ်သင့်လုပ်ထိုက်သည်များကိုဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းဘဝတူ မြန်မာပြည်သူ ပြည်သားများအား အားပေးနှစ်သိမ့်ကာ ၂၀၂၃ ခုနှစ် နှစ်သစ်ကူးအခါသမယ၌ ပြည်သူ့တစ်ရပ်လုံးမျှော်လင့်တောင့်တသောနိုင်ငံရေးမျှာ်မှန်းချက်များပြည့်ဝနိုင်ပါစေဟုနှစ်သစ်ဆုမွန်တောင်းကြောင်းယနေ့ညတွင်ထုတ်ပြန်လိုက်သည်။
စုစည်းညီညွတ်မှုအား ၊စုစည်းညီညွတ်စွာဖြင့် ဟန်ချက်ညီ လုပ်နိုင်မှသာ စစ်အာဏာရှင်ကို အမြစ်ဖြုတ်နိုင်မည်ဖြစ်သောကြောင့် နှစ်သစ်ကူးနေ့မှစ၍ ယခင်ထက်အင်တိုက်အားတိုက်ကြိုးပမ်းလုပ်ဆောင်သွားကြရန်လည်း ညီနောင်မဟာမိတ်သုံးဖွဲ့ကတိုက်တွန်းသည်။
