နိုင်ငံရေးမတည်ငြိမ်သောနိုင်ငံများသို့ဆေးဝါးတင်ပို့နေသည့် ဘင်္ဂလားဒေ့ရှ်ဆေးဝါးကုမ္ပဏီက မြန်မာနိုင်ငံသို့ယခုလအတွင်း ဆေးဝါးများတင်ပို့ရန် စီစဉ်နေကြောင်း အဆိုပါဘင်္ဂလားဒေ့ရှ်ကုမ္ပဏီ Albion ကုမ္ပဏီက ထုတ်ပြန်သည်။
Albion ကုမ္ပဏီသည် အာဖဂန်၊ သီရီလင်္ကာ၊ ယီမင်၊ဆူဒန်၊ဆိုမာလီယာစသည့် နိုင်ငံရေးမတည်ငြိမ်သည့် နိုင်ငံများသို့ ဆေးဝါးများတင်ပို့နေသည့်ကုမ္ပဏီတစ်ခုဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့တွင် အခြေစိုက်ထားသည့် အဆိုပါဆေးဝါးကုမ္ပဏီက မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ကို ဆေးဝါးများတင်ပို့ရန် စီစဉ်ထားသည်ဟု ဆိုသည်။ မြန်မာနိုင်ငံသို့ဒေါ်လာ ၃၀၀၀၀ ဖိုးဆေးဝါးများကို ဒီဇင်ဘာလကုန်ပိုင်းတွင် တင်ပို့မည်ဖြစ်ပြီး မည်သည်ဆေးဝါးအမျိုးအစားများတင်ပို့မည်ကို ထုတ်ဖော်ပြောကြားထားခြင်းမရှိပေ။ ကမ္ဘောဒီးယားနိုင်ငံသို့လည်းဒေါ်လာ ၂၃၀၀၀ဖိုး ဆေးဝါးရှစ်မျိုးတင်ပို့မည်ဟုထိုကုမ္ပဏီကဆိုသည်။
” ဘင်္ဂလားဒေ့ရှ်က ဆေးဝါးသွင်းတာသိပ်မရှိခဲ့ဘူး။ ဆေးဝါးအများစုကိုအိန္ဒိယဘက်က သွင်းတာ စစ်တပ်အာဏာသိမ်းပြီးနောက်မှာဖြစ်လာတာ။ ဟိုကုမ္ပဏီကလည်း ဒီလိုနိုင်ငံရေးမတည်ငြိမ်တဲ့နိုင်ငံတွေကို ဈေးကွက်ချဲ့ဖို့ကြိုးစားနေတာလည်းဖြစ်နိုင်ပါတယ်။”ဟု ဆေးဝါးတင်သွင်းဖြန့်ဖြူးနေသည့် ကုမ္ပဏီတခုမှ အရောင်းမန်နေဂျာတစ်ဦးကပြောသည်။
၎င်းကုမ္ပဏီသည် မနှစ်ကနိုင်ငံရေးမတည်ငြိမ်မှုများဖြစ်နေသည့် အာဖဂန်နစ္စတန်နိုင်ငံသို့ ၂၀၂၁ခုနှစ်တွင်ဆေးဝါးများကို ဒေါ်လာ ၅၅၀၀၀နှင့် ဒေါ်လာ ၆၅၀၀၀ တန်ဖိုးရှိစီတင်ပို့ခဲ့ပြီး ယခုအခါ ဒေါ်လာ ၁၂၉၀၀၀ ဖိုးရှိ ဆေးဝါး ၃၅ မျိုးကို ထပ်မံတင်ပို့မည်ဟုဆိုသည်။
