အာဏာသိမ်းစစ်ကောင်စီကလူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်ကို တာဝန်မှရပ်ဆိုင်းကြောင်း ဒီဇင်ဘာ ၁၆ ရက်တွင်ထုတ်ပြန်သည်။
စစ်ကောင်စီကနိုင်ငံတော်အာဏာသိမ်းပြီးနောက်လူမှုဝန်ထမ်းကယ်ဆယ် ရေးနှင့်ပြန်လည် နေရာချထား ရေးဝန်ကြီးအဖြစ် ဒေါ်သက်သက်ခိုင်ကို တာဝန်ပေးခဲ့ပြီးစစ်တပ်မှအသွင်ပြောင်းလာသော ဦးအောင်ထွန်းခိုင်ကို ဒုတိယဝန်ကြီးအဖြစ်ခန့်အပ်ခဲ့သည်။

ယခုအခါ ဦးအောင်ထွန်းခိုင်ကို ထုတ်ပယ်လိုက်ပြီး စစ်တပ်အသွင်းပြောင်းတစ်ဦးကို အစားထိုးခန့်အပ်ရန်ပြင်ဆင်နေသည်ဟု ယင်းဌာနဝန်ထမ်းများကပြောသည်။
ဦးအောင်ထွန်းခိုင်သည် အသက်၆၅နှစ်အရွယ်ရှိပြီးဖိအားများကြောင့်စိတ်ကျရောဂါခံစားနေရသည်ဟုလည်း ဝန်ထမ်းအချို့က ပြောသည်။
အသက် ၆၅ နှစ်အရွယ် ဦးအောင်ထွန်းခိုင်အပါအဝင် လူကယ်ပြန်ဝန်ကြီးဌာနမှ ဒုညွှန်ချုပ်နှင့် ညွှန်ချုပ် အမျိုးသားအရာရှိများအားလုံးသည် စစ်တပ်မှအသွင်ပြောင်းများ ဖြစ်ပြီး ဒေါ်သက်သက်ခိုင်အား မျက်နှာလိုမျက်နှာရ လုပ်သည်ကလွဲ၍ ဌာနနှင့် သက်ဆိုင်သော အလုပ်များအပေါ် အာရုံမစိုက်ကြကြောင်းအောက်ခြေဝန်ထမ်းအချို့ကပြောဖူးသည်။
