မန္တလေးမှာ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေ ဒီရက်ပိုင်းတွေအတွင်း ဆက်တိုက်ဖမ်းခံနေရပြီး ဖမ်းမိသူတွေကို စစ်အုပ်စုက သတ်ဖြတ်တာတွေ လုပ်နေတယ်လို့သိရပါတယ်။
သြဂုတ်လ ၁ ရက်က မန္တလေး မြောက်ပြင်မှာရှိတဲ့ နေအိမ်တစ်အိမ်ကိုစစ်ကောင်စီတပ်ဖွဲ့က အင်အားသုံးပြီး ဝင်စီးကာ Myanmar Return Ranger Force (MRRF) အဖွဲ့ခေါင်းဆောင် ဗိုလ်အောင်မြေအပါအဝင် ၁၀ ဦးခန့်အဖမ်းခံခဲ့ရပါတယ်။
ဖမ်းဆီးသွားပြီးနောက်ရက်မှာတော့ ဗိုလ်အောင်မြေအပါအဝင် ၃ ဦး ရဲ့ ရုပ်အလောင်းတွေကို ရန်ကုန် −မန္တလေး အမြန်လမ်း မိုင်တိုင် ၃၀၀ ကျော်မှာ စွန့်ပစ်ထားခဲ့တာကိုတွေ့ခဲ့ရပြီး လူမှုကူညီရေးအသင်းတွေကဆေးရုံကိုပို့ဆောင်ပေးခဲ့ရတယ်လို့သိရပါတယ်။
MRRF အဖွဲ့ခေါင်ဆောင် ဗိုလ်အောင်မြေတို့ကို ဖမ်းဆီးတဲ့နေ့မှာပဲ မန္တလေးမြို့ပြပြောက်ကျားအဖွဲ့ တစ်ခုဖြစ်တဲ့ Mother Son Mandalay Force အဖွဲ့ဝင် ၄ ဦး ဟာ တည်းခိုရာနေရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ဖမ်းဆီးတာခံလိုက်ရတယ်လို့သိရပါသေးတယ်။
အဲဒီနောက် သြဂုတ်လ ၇ ရက် ညပိုင်းမှာ Mandalay Black King Scorpion(MBKS) တပ်ဖွဲ့ရဲ့ Safe House ကိုစစ်ကောင်စီတပ်ဖွဲ့က ဝင်ဆီးပြီး လူငယ် ၁ ဦး ထပ်မံအဖမ်းခံရလိုက်ပါတယ်။
မန္တလေးမှာစစ်အုပ်စုဟာ လုံခြုံရေးတင်းကြပ်တာ ၊ကင်းပုန်းချတာတွေကိုအရင်ကထက်ပိုမိုလုပ်ဆောင်လာတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
ဓာတ်ပုံ − AP
