မန္တလေးတိုင်း၊ အမရပူရမြို့နယ် ထဲက စစ်ကိုင်း − မန္တလေး လမ်းပိုင်း မှာ ကုန်ကားတွေကို စစ်ဆေးနေတဲ့ နေရာအနီး ပေါက်ကွဲမှုဖြစ်ပြီး ၂ ဦးထိခိုက်ဒဏ်ရာ ရသွားတယ်လို့သိရပါတယ်။
အဲဒီလမ်းပိုင်းရဲ့ ရှမ်းကလေးကျွန်းအနီးမှာ ပေါက်ကွဲမှုဖြစ်တာဖြစ်ပြီး စစ်ကောင်စီလက်အောက် ယာဉ်ကြီးကြပ်ရေးကော်မတီစာရေးနဲ့ အကူအမျိုးသား တို့ ဗုံးစထိမှန်သွားပါတယ်။
ဒီပေါက်ကွဲမှုကို No More Dictatorship ပြောက်ကျားအဖွဲ့က လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
မန္တလေးမြို့အဝင်နဲ့ မြို့ပတ်လမ်းမပေါ်တွေမှာ စစ်အုပ်စုလက်အောက်ခံ ယာဉ်လုပ်ငန်းကြီးကြပ်ရေးကော်မတီက စစ်ဆေးပြီး ငွေတောင်းရမ်းတွေပြုလုပ်နေတာတွေရှိနေတယ်လို့သိရပါတယ်။
