ကရင်ပြည်နယ် မြ၀တီ – ဝေါ်လေလမ်းပိုင်း အနီးတွင် ယနေ့ ဩဂုတ် ၇ရက်တွင်တိုက်ပွဲ ဆက်ဖြစ်ခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်ဒဏ်ရာရသူများ ရှိခဲ့ဟု ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။
ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေ ကော်ဘရာ စစ်ကြောင်း တည်ရှိရာ မြ၀တီ – ဝေါ်လေ ကားလမ်းမအနီး တစ်နေရာသို့ စစ်ကောင်စီတပ်က ကျူးကျော်လာ၍ နံနက် ၉နာရီမှ ၁၁နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာသွားသည်ဟု ဆိုသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား လေးဦး ထိခိုက်ဒဏ်ရာရသည်ဟု အတည်ပြုနိုင်ပြီး ကော်ဘရာ စစ်သည်များ ထိခိုက်မှုမရှိကြောင်း အသိပေးထားသည်။
အဆိုပါ ဒေသတွင် ယခု ဩဂုတ်လအတွင်း တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က အထိနာလျက်ရှိသည်ဟု ကော်ဘရာ စစ်ကြောင်းက ထုတ်ပြန်ထားသည်။
