ကရင်အမျိုးသားအစည်းအရုံး(KNU) ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကားတစ်စီးပျက်စီးပြီး စစ်ကောင် စီတပ်ဖွဲ့ဝင် ၉ဦးသေဆုံးခဲ့ကြောင်း KNUက ယနေ့ သတင်းထုတ်ပြန်သည်။
ဩဂုတ် ၂ရက်နံနက်ပိုင်းက ဘီးလင်းမှကျိုက်ထိုမြို့နယ် အတွင်း ကျူးကျော်ဝင်ရောက်လာသည့် စစ်ကား ၆ စီးပါ ယာဉ်တန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) နှင့် ပူးပေါင်းတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
ထို့နောက် စစ်ကောင်စီ တပ်များနှင့် KNLA ပူးပေါင်းတပ်ဖွဲ့များအကြား ၁၅မိနစ်ခန့် ပစ်ခတ်မှုဖြစ် ပွားခဲ့ကြောင်း၊ စစ်ကောင်စီယာဉ်တန်းမှ လမ်းဘေး ဝဲယာရှိနေအိမ်များကို ရမ်းသမ်းပစ်ခတ်ခဲ့၍ ဒေသခံနေအိမ် အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။
အဆိုပါ ပစ်ခတ်မှုအတွင်းKNLA ပူးပေါင်းတပ်ဖွဲ့မှ တစ်ဦးကျဆုံးကာ တစ်ဦးဒဏ်ရာရခဲ့ကြောင်း KNUက ထုတ်ပြန်ခဲ့သည်။
ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းများကို ပူးပေါင်းတပ်ဖွဲ့က မကြာခဏ တိုက်ခိုက်မှုလုပ်ဆောင်ခဲ့သည်။

דירה דיסקרטית ברמת גן
07/08/2022 at 12:26 ညနေ
Hello! I simply wish to offer you a big thumbs up for the excellent information you have here on this post. I am coming back to your web site for more soon.