စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင်စစ်ကောင်စီတပ်အား ခုခံတိုက်ခိုက်ရာ သုံးရက်အတွင်း စစ်သားနှင့်ပျူ စောထီးနှစ်ဆယ်ကျော်သေဆုံးပြီးလက်နက်ခဲယမ်းအချို့သိမ်းဆည်းရမိခဲ့ကြောင်း ဒေသတွင်းအဖွဲ့များကပြောသည်။
သြဂုတ်လ၃ရက်နေ့ ည ၁၁နာရီခွဲခန့်က တန့်ဆည်မြို့နယ်၊ ဗျက်ကြီးရွာကို ဝင်ရောက်စီးနင်းခဲ့သော အကြမ်းဖက်စစ်တပ်နှင့် ပျူများကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များက အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
ထိုဖြစ်စဥ်တွင် အကြမ်းဖက်စစ်တပ်နှင့် ပျူ ၁၈ ဦးသေဆုံးကာ ၅.၅၆ကျည် ၁၀၀တောင့်၊ စက်ကလေးကျည် ၂ တောင့်အီနာဂါ ၁ လုံးသိမ်းဆည်းရမိခဲ့ကြောင်း တန့်ဆည် ပ.က.ဖ အဖွဲ့ကထုတ်ပြန်သည်။
အလောင်းများကို လှည်းဖြင့်သယ်သွားခဲ့ပြီး၎င်းတိုက်ပွဲကိုKPK၊ TSR၊Taze Tiger၊ တပ်ရင်း ၆၊၈၊၁၀၊၁၆၊ ပကဖ၊ ပလဖတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တန့်ဆည် ပ.က.ဖ အဖွဲ့က ပြောသည်။
သြဂုတ်လ ၄ရက် ညနေ၆နာရီခန့်ကလည်း တန့်ဆည်မြို့နယ်၊ ကဘဲရွာမှ ကင်းလှည့်ထွက်လာသော ပျူစောထီးများသည် တဆယ်ကျေးရွာအနီးတွင် တိုက်မိုင်းမိပြီး ၅ဦး သေဆုံးကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ထို့အပြင်ယမန်နေ့ (သြဂုတ်လ၅ရက်နေ့) ညနေ ၄နာရီခွဲခန့် တွင်လည်းချောင်းဆုံရွာ၊ ပျူစောထီးနေအိမ်ကို တပ်ရင်း၆နှင့်ပကဖ ပူးပေါင်းကာ အီနာဂါချပြီး စနိုက်ဘာဖြင့်ပါ ပစ်ခတ်ရာ ပျူတစ်ဦးသေဆုံးပြီး ဒါဏ်ရာရသူများရှိခဲ့ကြောင်း တန့်ဆည် ပ.က.ဖ က အသိပေးသည်။
တိုက်ပွဲများနှင့်ပတ်သက်ပြီး ဒေသတွင်းPDF များကိုPeople’s Spring ကဆက်သွယ်မေးမြန်းရန်ကြိုးစ္းနေသော်လည်း ဆက်သွယ်မရသေးပါ။အကြမ်းဖက်စစ်တပ်၏ ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People’s Springက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
