စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်တွင်စစ်ဆေးရေးဂိတ်မှပြန်လာသည့်ရဲနှင့် စစ်ကောင်စီတပ်သားများ ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက်ပါးစေရဲ နှစ်ဦးသေဆုံးခဲ့သည်ဟု TigyaingRevolution က ဖော်ပြသည်။
ထီးချိုင့်မြို့နယ် ကက္ကုလမ်းဆုံတွင် ဂိတ်စစ်ပြီး ကား တစ်စီး၊ဆိုင်ကယ် နှစ်စီးဖြင့် မြတောင်ရွာ ဘက်သို့ပြန်လာသည့်စစ်ကောင်စီ တပ်နှင့်ရဲများကို ဩဂုတ်၅ရက် ညနေပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက မိုင်း ၂လုံးဖြင့်တိုက်ခိုက် ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုသို့မိုင်းဆွဲ တိုက်ခိုက်ခြင်းကြောင့် ရဲ နှစ်ဦးသေဆုံးပြီး ရဲ နှစ်ဦး အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။
ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များသည် ယနေ့ နေ့လည်ပိုင်း ကလည်း ထီးချိုင့်ဘောလုံးကွင်းသို့ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ နှစ်ဦးထက်မနည်းသေဆုံးကာ ဒဏ်ရာရသူများလည်းရှိခဲ့သည်ဟု ဆိုသည်။
