ဖားကန့်မြို့ အခြေစိုက်ရဲတပ်ရင်းမှ ဒုရဲမှူးတစ်ဦး သေနတ်ဖြင့် ၁၀ချက်တိတိ ပစ်ခံရပြီး သုတ်သင်ရှင်းလင်းခံလိုက်ရသည်။
ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအခြေစိုက် ရဲတပ်ရင်း (၃၀)ဂိတ်တွင် တာဝန်ကျ နေသည့် ဒုရဲမှူးကိုကိုလွင်ကို ကားဖြင့်ရောက်လာသည့်လူအချို့က ပစ်သတ် သွားခြင်းဟု ဒေသခံတစ်ဦးက ပြောသည်။
“ဒီနေ့(သြဂုတ် ၃ရက်) မနက် ၈နာရီလောက်က။ ကားသုံးစီးနဲ့ လာပစ်တာ။ သေတဲ့ရဲရဲ့အလောင်း ကို သူတို့(စစ်ကောင်စီ) လာကောက်သွားတယ်။ ရေခဲတိုက်ကို ပို့နေပြီ”ဟု ဆိပ်မူဒေသခံတစ်ဦးက ပြောသည်။
ဒုရဲမှူးကိုကိုလွင်သည် သေနတ်ဒဏ်ရာ ၁၀ချက်တိတိပစ်ခံရသဖြင့် သေဆုံးသွား သည်ဟု People’s Spring ၏ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ဒုရဲမှူးအသတ်ခံရပြီးနောက် စစ်ကောင်စီတပ်က ပိတ်ဆို့စစ်ဆေးနေ၍ ဒေသခံများ အသွားအလာ ဂရုစိုက်ကြရန် ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦး က သတ်ိပေးသည်။
ယနေ့ ပစ်ခတ်မှုတွင် ဒုရဲမှူးကိုကိုလွင် သေဆုံးသည့်အပြင် ရဲအချို့လည်း ဒဏ်ရာရသည်ဟု သတင်းရရှိသည်။ အသေးစိတ် ဆက်လက်ဖော်ပြပါမည်။
