ပဲခူးတိုင်း နတ္တလင်းမြို့နယ် မှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် ၎င်း၏နောက်လိုက်တစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ပြည်ခရိုင်PDFတပ်ရင်း (၃၈၀၁)၊ တပ်ခွဲ (၃)နတ်စစ်သည်တပ်ဖွဲ့ ကယနေ့(သြဂုတ် ၂)ထုတ် ပြန်သည်။
ယမန်နေ့ည ၉ နာရီ ၄၅ ခန့်က နတ္တလင်းမြို့နယ် လယ်မအင်းအုပ်စု၊ အောင်သုခကျေးရွာမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး လှစိုးဆိုသူကို သေနတ်ဖြင့် ခြောက်ချက်ပစ်ခတ်ခဲ့ရာ နေရာတင်သေဆုံးသွားကြောင်းဖော်ပြသည်။
တဆက်တည်းတွင် အုပ်ချုပ်ရေးမှူး လှစိုး၏နောက်လိုက်တစ်ဦးကိုပါ ပစ်ခတ်ရှင်းလင်းခဲ့ရာ ဒဏ်ရာအပြင်းအထန်ရသွားပြီး ဆေးရုံသို့ရောက်သွားကြောင်းအသိပေးသည်။
အထက်ပါ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး လှစိုးသည် စစ်အာဏာရှင်အလိုကျ သတင်းပေခြင်း၊ ဆည်အထက်ပိုင်းနှင့် အတွင်းပိုင်းရှိ ပြည်သူများအား ရိက္ခာဖြတ်တောက်ခြင်း၊ စက်လှေများအား ဆပ်ကြေးကောက်ခံခြင်းအပါအဝင် ပြည်သူကို အနိုင့်ကျင်ဗိုလ်ကျနေသူဖြစ်ကြောင်းဖော်ပြထားသည်။
ထို့အပြင် အုပ်ချုပ်ရေးမှူးလှစိုးသည် ၎င်း၏သားဖြစ်သူအား ပျူစောထီးအဖွဲ့ထဲဝင်စေပြီး ပြည်သူကို နည်းမျိုးစုံဖြင့် ဒုက္ခပေးနေသူဖြစ်ကြောင်း လည်းထုတ်ပြန်ထားသည်။
