မွန်ပြည်နယ် ရေးမြို့နယ်ရှိ စစ်ကောင်စီထောက်တိုင်ဝန်ထမ်းများ ဩဂုတ် ၂ရက် နောက်ဆုံးထား၍ နှုတ်ထွက်ကြရန် သတိပေးကြောင်း ရေးဘီလူးအဖွဲ့က ယနေ့ ထုတ်ပြန်လိုက်သည်။
ပြည်သူ့အာဏာ မတရားလုယူထားသော အကြမ်းဖက်စစ်ကောင်စီ ယန္တရား များလည်ပတ်မှု ရှိစေရန်အကူပြုပေးပါက ရေးဘီးလူးအဖွဲ့မှထိရောက်စွာ တုံ့ပြန်သွားမည်ဖြစ်ကြောင်း သတိပေး ချက်၌ ဖော်ပြထားသည်။

ရေးဘီးလူအဖွဲ့သည် ပြီးခဲ့သည့်ရက်ပိုင်း ဇူလိုင် ၂၈ရက်က ရေးမြို့ရဲစခန်းကို ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ယင်းနေ့၌ပင် ကဗျာ၀ ကျေးရွာရှိ စစ်ကောင်စီနှင့် ပူးပေါင်းသူတစ်ဦးကို ရှင်းလင်းခဲ့ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။
ဇူလိုင် ၂၂ရက်ကလည်း ရေးမြို့နယ် ကျောက်မိချောင်းရွာ အုပ်ချုပ်ရေးမှူး တစ်ဦးကို ရေးဘီလူးအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု ဆိုသည်။
ဇူလိုင် ၁၉ရက်ကလည်း ရေးမြို့နယ် ချောင်းတောင်ကျေးရွာတံတားရှိ စစ်ဆေးရေးဂိတ်ကို ရေးဘီလူးအဖွဲ့က ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။
ရေးဘီလူးအဖွဲ့အနေဖြင့် စစ်ကောင်စီနှင့်ပူးပေါင်းပြီး အမြတ်ထုတ်နေသည့် ရေးမြို့နယ်မှ ခရိုနီများကိုလည်း သတိပေးထားသည်။
