“လူထုသစ္စာအဓိဌာန်ပြုပွဲ”ပြုလုပ်ခဲ့ကြောင်း ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ် တပ်ရင်း(၂) က ထုတ်ပြန်သည်။
ယနေ့ (ဇူလိုင်၃၁ ရက်) နံနက် ၁၀ နာရီ ၃၇မိနစ်အချိန်တွင် နိုင်ငံအနှံ့အပြားရှိ ပြည်သူလူထုတစ် ရပ်လုံးနှင့်အတူ တော်လှန်ရေးတွင် မြင့်မြတ်စွာပေးဆပ်ခဲ့ကြသူများ၏ ဝိဉာဉ်တို့ကို တိုင်တည်၍ သစ္စာအဓိဋ္ဌာန်ရွတ်ဆိုကြောင်း အသိပေးသည်။
ကနဦးအနေဖြင့် တော်လှန်ရေးတွင် မြင့်မြတ်စွာရင်းနှီးပေးဆပ်ခဲ့ကြသူ အပေါင်းတို့၏ ကျေးဇူးဂုဏ်ကို ဦးညွှတ်အလေးပြုသည်ဟု ဆိုသည်။
ထို့နောက် တော်လှန်ရေးပန်းတိုင်ရောက်သည်အထိ ဆက်လက်ချီတက် ပါမည်ဟု သစ္စာ အဓိဋ္ဌာန်ပြုပြီး တရားမျှတလွတ်လပ်ခြင်းနှင့် တန်းတူညီမျှခြင်းတို့သည် ဤမြေ၌ တည်စေရန် ဆုတောင်းသည်။
ထို့အပြင် “တရားတဲ့သူသာ နိုင်ကြေးဟေ့ “ဟု သစ္စာအဓိဋ္ဌာန်ရွတ်ဆိုကြောင်း ဖော်ပြသည်။
လူထုသစ္စာအဓိဌာန်ပြုပွဲကို နိုင်ငံအနှံ့ပြုလုပ်ရန်ဆော်သြထားပြီး နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် ပြည်သူများအနေဖြင့် သစ္စာအဓိဌာန် (၃)ရပ်ကို ရွတ်ဆိုပြီး မပြီးမြောက်သေးသော နွေဦးတော် လှန်ရေးအပေါ်တွင် သစ္စာအဓိဌာန်ပြုပြီး ပါဝင်ပေးကြပါရန် တိုက်တွန်းထားသည်။
