ရန်ကုန်မြို့၊ သန်လျင်မြို့နယ်ရှိ ရေတပ်သင်္ဘောကျင်းဌာနချုပ်မှ ရေတပ် ဗိုလ်ကြီးတစ်ဦး ပြည်သူနှင့်ပူးပေါင်း၍ CDM ပြုလုပ်လာကြောင်း ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF) က ယနေ့(ဇူလိုင် ၂၉ ရက်) ထုတ်ပြန်သည်။
အဆိုပါ ဗိုလ်ကြီးသည် ရေတပ်သင်္ဘောကျင်းဌာနချုပ်မှ ထွက်ခွာလာခြင်းဖြစ်ပြီး မိမိတို့ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF)ထံသို့ Job For Kayah မှတဆင့်ဆက်သွယ်ကာ လာရောက်ခိုလှုံလာခဲ့ခြင်းဟု ဆိုသည်။
အဆိုပါ ဗိုလ်ကြီးအား ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF ) မှ အစစအရာရာစီစဉ်မှုဖြင့် ယခုတွင်မူ လုံခြုံစိတ်ချရသော လွတ်မြောက် နယ်မြေတစ်ခုသို့ ပို့ဆောင်ထားကြောင်း အသိပေး သည်။
သို့သော် CDM ဗိုလ်ကြီး၏ လုံခြုံရေးအရ အချို့သောကိုယ်ရေးအချက်လက်များ အားချန်လှပ်ထားဆဲဟု BPDF က ပြောသည်။
ယခုလ ပထမပတ်ကလည်း ကျည်ဆံ ၃၀၀ကျော် အပါအဝင် လက်ပစ်ဗုံး ခြောက်လုံးနှင့်အတူ မှုခင်းနှိမ်နှင်းရေးရဲ တပ်ဖွဲ့ဝင်နှစ်ဦးသည် ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံသို့ CDM ပြုလုပ်ထားသည်။
