မကွေးတိုင်း ဆောမြို့နယ်ကျောက်ထုပြည်သူ့ကာကွယ်ရေးတပ်(PDF)သို့ ပြည်သူ့ရင်ခွင် ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သား ၄ဦး ရှိကြောင်း ကျောက်ထု PDFနှင့်နီးစပ်သူတစ်ဦးက ပြောသည်။
အဆိုပါ စစ်ကောင်စီတပ်သား ၄ဦးအနက်၁ဦးသည်လက်နက်နှင့်အတူ CDM ပြုလုပ်လာခြင်းဖြစ်သည်။



ယင်းတပ်ဖွဲ့ဝင် ၄ဦး အနက် ၂ဦးသည် PDF တပ်ရင်း(၂) တပ်ခွဲ(၃) ၌ တာဝန်ထမ်းဆောင်နေပြီး ကျန် ၂ဦးသည် PDF တပ်ရင်း(၁) တပ်ခွဲ(၃) ၌ တာဝန်ထမ်းဆောင်နေသည်။
စစ်ကောင်စီ၏ တပ်မ(၅၅) လက်အောက်ခံ (၅၁၂) တပ်ရင်းမှ တပ်သား ဖြိုးကိုကို၊ တပ်သား အောင်ကျော်ဇင်နှင့် တပ်သား ဝေဠုကျော် တို့သည် မေလကုန်ပိုင်းတွင် CDM ပြုလုပ်လာခြင်းဖြစ်ပြီး မင်းတပ်မြို့နယ် ခလရ(၂၇၄) တပ်မှ တပ်သား ဟိန်းမင်းလှိုင်သည် လက်နက်နှင့်တူ ယခု ဇူလိုင် ၁၈ရက်တွင် CDM ပြုလုပ်လာခြင်းဖြစ်သည်။ လက်နက်နှင့် CDM ပြုလုပ်လာသည့် တပ်သားကို ဂုဏ်ပြုငွေ ကျပ် သိန်း ၈၀ ပေးအပ်ခဲ့သည်။


အဆိုပါ CDM စစ်သားများကိုကောင်းမွန်စွာထားရှိပြီး၎င်းတို့ ၄ဦးစလုံး ကျောက်ထု PDF ၌ ပြန်လည်တာဝန်ထမ်းဆောင်ခဲ့ကြောင်း ဒေသခံက ပြောသည်။
