စစ်ကိုင်းတိုင်း မုံရွာမြို့ပေါ် သာစည်လမ်းမပေါ်တနေရာတွင် အကြမ်းဖက် စစ်ကောင်စီတပ်က ထုတ်ပြန်သည့် အမျိုးသားနှစ်ဦး ဆိုင်ကယ်မစီးရ ကြေညာချက်စာရွက်ကို တော်လှန်လူငယ်များက ယနေ့ (ဇူလိုင် ၂၈) ညနေပိုင်း၌ မီးရှို့၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။


ပြီးခဲ့သည့် ၂၀၂၁ နိုဝင်ဘာအတွင်းကစတင်ကာ အကြမ်းဖက် စစ်ကောင်စီက မုံရွာမြို့ပေါ်တွင် ဆိုင်ကယ်တစ်စီး၌ အမျိုးသား နှစ်ဦးမစီးရဟုဆိုကာ ကြေညာချက်အား ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
လူငယ်များက အကြမ်းဖက် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည်အနေဖြင့် စစ်ကောင်စီ၏ အမိန့်ကြေညာစာရွက် ဗီနိုင်းအား မီးရှို့ရှင်းလင်း၍ ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
