ပေါင်းတည်မြို့နယ် သစ်ပုတ်ကျေးရွာ၌ တာဝါတိုင်စောင့်နေသောစစ်ကောင်စီတပ်သားများနှင့် ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့ယနေ့နေ့ခင်းပိုင်တွင်တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်မှ အရာရှိတစ်ဦး၊တပ်ကြပ်ကြီးတစ်ဦးနှင့် တပ်သားနှစ်ဦး စုစုပေါင်း ၄ ဦးသေဆုံးပြီး သေနတ်နှစ်လက်သိမ်းဆည်းရရှိကြောင်းပဲခူးတိုင်းPDFကထုတ်ပြန်သည်။
ပဲခူးတိုင်းပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၃၆၀၁၊ တပ်ခွဲ(၁)နှင့် တပ်ရင်း ၃၆၀၂၊ တပ်ခွဲ(၂) ဒုတပ်ခွဲမှူးတို့ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီတပ်ကိုယနေ့ ( ဇူလိုင်လ၂၈ရက်နေ့) နေ့လယ်(၁)နာရီခွဲအချိန်တွင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စစ်တပ်မအရာရှိ၁ဦး၊ တပ်ကြပ်ကြီး ၁ဦးအပါအဝင် အခြားအဆင့်၂ဦး စုစုပေါင်း (၄)ဦးသေဆုံးခဲ့ပြီး MA3 (၁)လက်၊ပစ္စတို(၁)လက်၊ စကားပြောစက်(၁)လုံး၊ ဖုန်း(၄)လုံး နှင့် မှတ်ပုံတင် (၁)ခု သိမ်းဆည်းရမိခဲ့ကြောင်းဖော်ပြထားသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များမှာတိုက်ပွဲမှ အထိအခိုက်မရှိပဲအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
ပဲခူးတိုင်း PDF တပ်ရင်းများသည်စစ်ကောင်စီတပ်နှင့်ဒေါက်တိုက်များကို အရှိန်မြှင့်တိုက်ခိုက်လာနေသည်။
