စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးစာတန်းများ ချိတ်ဆွဲရာအနီးရှိ ပစ္စည်းများအား ကိုင်တွယ်ခြင်းမပြုရန် ဝက်လက်ဘတော်လှန်ရေးတပ်ဦးက သတိပေးကြေညာသည်။
ဝက်လက်မြို့နယ်အတွင်းရှိ ကျောင်းသားပြည်သူများအနေဖြင့် စစ်အာဏာရှင်ဆန့်ကျင်သည့် စာသားပါ ပိတ်စများ ချိတ်ဆွဲထားသည့် နေရာများအနီးရှိ ပစ္စည်းများကို ကိုင်တွယ်ခြင်းမပြုကြရန် မေတ္တာရပ်ခံကြောင်း ဝက်လက်တော်လှန်ရေးတပ်ဦးက ယနေ့(ဇူလိုင်၂၆ရက်) သတိပေးကြေညာသည်။
သတိပေးရခြင်းနှင့်ပတ်သက်၍ ဝက်လက်တော်လှန်ရေးတပ်ဦး၏တာဝန်ရှိသူအား မေးမြန်းရာတွင် “အဲဒါကတော့ ကျွန်တော်တို့ မစ်ရှင်အောင်မြင်တဲ့အချိန်မှ ဖြေလို့ရမှာပါ။ ပြည်သူတွေ မထိခိုက်အောင် ကျွန်တော်တို့ လုပ်ဆောင်သွားမှာပါဗျ။”ဟု ပြောသည်။
ရန်ကုန်မြို့နှင့်ဒေသအချို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးစာတန်းများအား ချိတ်ဆွဲထားပြိီးနောက် အကြမ်းဖက်စစ်တပ်က လာဖြုတ်ချိန် မိုင်းပေါက်ကွဲသည့်ဖြစ်စဥ်များလည်း ဖြစ်ပွားခဲ့ဖူးသည်။
