ကလေးမြို့နယ်အတွင်း လက်ရှိ စစ်ရေးအခြေအနေအရ ကလေး-တမူး လမ်းမကြီးအား ည ၉နာရီမှ နံနက် ၅နာရီအတွင်း မော်တော်ယာဉ်များ ဖြတ်သန်းသွားလာခြင်းမပြုရန် မေတ္တာရပ်ခံ သတိပေးကြောင်း ကလေး ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ယနေ့ ထုတ်ပြန်သည်။
သတိပေးချက်ကို မလိုက်နာဘဲ ဖြတ်သန်းသွားလာခြင်းကြောင့် ဖြစ်လာနိုင်သည့် လုံခြုံရေးအန္တရာယ်နှင့် အကျိုးဆက်များကို သတိပြုစေလိုကြောင်းလည်း ဖော်ပြထားသည်။
ကလေးမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်း၊ စစ်ကောင်စီတပ်ယာဉ်တန်းတို့ကို ဒေသခံကာကွယ် ရေးတပ်များက တိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်ခဲ့သည်။
အကြမ်းဖက် စစ်ကောင်စီတပ်များကို ရင်ဆိုင်တိုက်ခိုက်ရာတွင် ပြည်သူများ ထိခိုက်မှုမရှိစေရေး အထူးသတိပြု လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကလေး PDFက ထုတ်ပြန်ထားပြီး စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲနေရာယူလေ့ရှိသည့် နေရာများ ၊ စစ်ကောင်စီ၏ မော်တော်ယာဉ်များ အနီး ဝန်းကျင်တွင် ပစ်ခတ်ပေါက်ကွဲမှုများ အချိန်မရွေး ဖြစ်လာနိုင်၍ ပြည်သူများ လုံခြုံရေးအထူးသတိပြု၍ နေထိုင်သွားလာကြရန် မေတ္တာရပ်ခံထားသည်။
