ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ မြန်မာသံရုံးရှေ့တွင် ပြင်သစ်နိုင်ငံရောက် မြန်မာများက စစ်ကောင်စီတပ်၏ မတရားသဖြင့် သေဒဏ်ပေး၍ အသတ်ခံရသည့် (၈၈) မျိုးဆက် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ကိုကျော်မင်းယု (ခ) ကိုဂျင်မီ၊ NLD ပါတီအမတ်ဟောင်း ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်နှင့် ကိုလှမျိုးအောင်တို့ အာဇာနည်သူရဲကောင်း (၄) ဦးအတွက် ယနေ့ (ဇူလိုင် ၂၆) ၌ ပန်းများချပြီး ဖယောင်းတိုင်များ ထွန်း၍ ဆုတောင်းပေးခဲ့ကြသည်။




ထို့အပြင် ပြင်သစ်ရောက် မြန်မာများက ကျဆုံးသွားသည့် သူရဲကောင်း (၄) ဦးအတွက် လေးစားဂုဏ်ယူစွာ အလေးပြုခဲ့ကြပြီး တော်လှန်ရေးကြီး ပိုမိုအရှိန်အဟုန်ပြင်းပြင်းဖြင့် အမြန်ဆုံးအောင်မြင်စေရန် ဆုတောင်းခဲ့ကြသည်။
အကြမ်းဖက် စစ်ကောင်စီသည် ပြီးခဲ့သည့် ဇူလိုင် ၂၃ ရက်က ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်နှင့် ကိုလှမျိုးအောင်တို့ကို မတရားသဖြင့် သေဒဏ်ချမှတ်၍ သေဒဏ်စီရင်ခဲ့ခြင်း ဖြစ်သည်။
