ပုဂံမှာ ကျင်းပမယ့် ၇ ကြိမ်မြောက် လန်ချန်း−မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးကို တရုတ် က ဦးဆောင်ကျင်းပမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဘက်က သတင်းထုတ်ပြန်လာပါတယ်။
အစည်းအဝေးကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ကဥက္ကဋ္ဌ အဖြစ် ကမကထ လုပ်ကာ တက်ရောက်မှာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
လန်ချန်း − မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများအဆင့်အစည်းအဝေးကို ဇူလိုင်လ ၄ ရက်မှာကျင်းပမှာပါ။ အစည်းအဝေးကျင်းပမယ့် ပုဂံဒေသမှာ စစ်ကောင်စီဟာ လုံခြုံရေး တင်းကြပ်ထားပါတယ်။
မဲခေါင်မြစ်ဖြတ်သန်းစီးဆင်းရာ နိုင်ငံတွေကို စုစည်း ပြီး လန်ချန်း − မဲခေါင် ပူးပေါင်းဆောင်ရွက် အဖွဲ့ကို ဖွဲ့စည်းခဲ့တာပါ။
အဖွဲ့ဝင်နိုင်ငံတွေကတော့ တရုတ် ၊မြန်မာ ၊ထိုင်း ၊ လာအို ၊ကမ္ဘောဒီးယား နဲ့ဗီယက်နမ်နိုင်ငံတို့ဖြစ်ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဟာ ဇူလိုင်လ ၃ ရက်ကနေ ဇူလိုင်လ ၁၄ ရက်အထိ အရှေ့တောင်အာရှ နိုင်ငံအချို့ကိုလည်း သွားရောက်မှာလည်းဖြစ်ပါတယ်။
ထိုင်းနိုင်ငံ၊ ဖိလစ်ပိုင် ၊ အင်ဒိုနီးရှားနဲ့ မလေးရှား နိုင်ငံတွေကိုသွားရောက်မယ်လို့သိရပါတယ်။
