စစ်ကိုင်းတိုင်း မြောင်မြို့နယ် ရွှေပန်းကျေးရွာသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် လမ်းပြအဖြစ်လိုက်ပါလာသည့် ပျူစောထီးနှစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း မြောင်မြို့နယ်တော်လှန်ရေးတပ် (MRA)က ယနေ့(ဇွန် ၂၉) ထုတ်ပြန်သည်။
ရွှေပန်းရွာအတွင်း အော်ဟစ်ဆဲဆိုပြီး လမ်းလျှောက်လာသော ပျူစောထီးနှစ်ဦးကို စစ်ကောင်စီတပ်နှင့် လူစုကွဲချိန်အား အခွင့်ကောင်းယူ ခြုံခို၍ ကင်းပုန်းဝပ်နေသော တော်လှန် ရေးရဲဘော်များမှ အနီးကပ်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ဖော်ပြသည်။

ထို့ကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လိုက်လံပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိခဲ့ဟု ဆိုသည်။
MRA အနေဖြင့် ပြောက်ကျားစစ်ဆင်ရေးများကို အရှိန်အဟုန်မြှင့်လုပ်ဆောင်လျှက်ရှိရာ ပြည်သူများအထိ အခိုက်မရှိစေရန် အထူးဂရုပြုဆောင်ရွက်လျှက်ရှိပြီး ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီတပ်လမ်း ကြောင်းများကိုရှောင်ရှား၍ သတိထားသွားလာကြရန် တိုက်တွန်းသည်။
အထက်ပါတိုက်ခိုက်မှုကို မြောင်မြို့နယ်တော်လှန်ရေးတပ်(MRA)နှင့် CHU Local Defense Forceအဖွဲ့တို့ ပူးပေါင်းတိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။
