တမူးမြို့နယ်၊ ဆရာစံကျေးရွားအနီးတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား ဇွန် ၂၅ ရက်က၄၅မိနစ်ကြာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ ၅ ဦးသေဆုံးခဲ့ကြောင်း PDF-CEUက ထုတ်ပြန်ထားသည်။
ဆရာစံကျေးရွာအနီးတွင် ယမန့်နေ့ (ဇွန် ၂၅ ရက်) နေ့လယ် ၂ နာရီခွဲခန့်က စစ်ကောင်စီတပ်ကို ABSDF(အနောက်ပိုင်း)ကျောင်းသားတပ်မတော် ၊ People’s Defence Force-Combat Engineer Unit စစ်မြေပြင်အင်ဂျင်နီယာတပ် ပူးတပ်တို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ၅ ဦးကျဆုံးခဲ့ပြီးပြည်သူ့ကာကွယ်ရေးတပ်များဘက်မှ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်သည်ဟု ဖော်ပြထားသည်။ စစ်ကောင်စီတပ်သေဆုံးမှုနှင့်ပတ်သပ်၍ People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

လက်ရှိတွင် တမူးမြို့နယ်အတွင်း တိုက်ပွဲများပြင်းထန်နေပြီး ကလေး-တမူး -အောင်ဇေယျလမ်းပိုင်းများ အပါအဝင် လမ်းမကြီးများကို အရေးကြီးကိစ္စမှအပ ဖြတ်သန်းသွားလာခြင်းမပြုရန် ဒေသခံကာကွယ်ရေးတပ်များက မေတ္တာရပ်ခံထားသည်။
“ပြိုင်ဘက်ဟာ သူရှုံးတော့မယ်မှန်း သိတဲ့အခါ လူမဆန်တဲ့ လုပ်ရပ်တွေ လုပ်လေ့ရှိတတ်ကြပါတယ်။ ပြိုင်ပွဲရဲ့ သဘောသဘာဝအရ “ရှုံးမဲ မဲတာပါ။” ဒါပေမဲ့ မကြာခင် မိဘပြည်သူများအားလုံး မျှော်လင့်တဲ့အတိုင်း အောင်ပွဲလာတော့မှာပါ။ မိဘပြည်သူများခင်ဗျာ ခဏတာ သည်းခံပေးကြဖို့ အထူးမေတ္တာရပ်ခံလိုပါတယ်။”ဟု PDF(တမူး) တပ်ရင်း-၄ ပြန်ကြားရေးတာဝန်က မေတ္တာရပ်ခံထားသည်။

စစ်ကောင်စီတပ်သည် တမူးဒေသတွင် အတွင်း လူမဆန်သည့် လုပ်ရပ်များကို အရှိန်မြင့်ပြုလုပ်နေပြီး ဒေသခံပြည်သူများကိုလူသားဒိုင်းလုပ်ခြင်း၊ အပြစ်မဲ့ပြည်သူများအပေါ်ရက်စက်ယုတ်မာခြင်း၊နေအိမ်များမီးရှို့ခြင်း၊လူသားဒိုင်းပြုလုပ်ခြင်းစသည်တို့ကိုပိုမိုပြုလုပ် လာကြောင်း PDF
(တမူး) တပ်ရင်း-၄ ကထုတ်ပြန်ထားသည်။
