ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သထုံမြို့နယ် ထုံးဘိုလေးကျေးရွာအုပ်စုကို စစ်ကောင်စီတပ်နှင့် ၎င်း၏ လက်ပါးစေ နယ်ခြားစောင့်တပ်(BGF) တို့က မီးရှို့ဖျက်ဆီးခဲ့မှုမြင်ကွင်းများကို သထုံပြည်သူ့ကာ ကွယ်ရေးတပ်(TPDF)က ယနေ့ ထုတ်ပြန်သည်။
စစ်ကောင်စီနှင့် BGF တပ်တို့သည် ဇွန်လ ၂၅ရက်က ထုံးဘိုလေးကျေးရွာသို့ ဝင်ရောက်ပြီး ဘုန်းကြီးကျောင်းနှင့် နေအိမ်များကို မီးခဲ့သည်ဟု ဆိုသည်။


ထိုသို့ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် BGFတပ်တို့၏ မီးရှို့ဖျက်ဆီးမှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးသွားသည့် သထုံမြို့နယ် ဝီယော်ကျေးရွာအုပ်စု ထုံးဘိုလေးရွာ၏မြင်ကွင်းအချို့ကို သထုံ PDFက ယနေ့ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီတပ်များကို အကောင်းဆုံးရင်ဆိုင်တိုက်ခိုက်ခဲ့သော်လည်း လက်နက်ခဲယမ်းလုံလောက်မှုမရှိသည့်အခက်အခဲများကြောင့် စစ်ကောင်စီ၏စစ်ကြောင်းတစ်ကြောင်း တိုးဝင်လာနိုင်ခဲ့ပြီး ကျေးရွာအတွင်းဖျက်ဆီးမှုများကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သထုံ PDFက ထုတ်ပြန်သည်။

အဆိုပါဒေသရှိ စစ်ကောင်စီတပ်များသည် ယခင်ကလည်း ထုံးဘိုလေးရွာအပါအဝင် ဒေသတွင်းရှိကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။
