မနေ့က ညနေပိုင်း ၃ နာရီခန့်က မန္တလေးမြို့ ၊ ၈၄ လမ်းပေါ်က Lotteria ကြက်ကြော်ဆိုင်ရှေ့မှာ ပစ်ခတ်မှုဖြစ်ပြီး အမျိုးသားတစ်ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။
အမျိုးသား ၂ဦးစီးနင်းလာတဲ့ဆိုင်ကယ်နောက်ကို အရပ်ဝတ်စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးဟာ ဆိုင်ကယ်နဲ့လိုက်လာပြီးပစ်ခတ်ပြီး ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ ဒေသခံအချို့ကပြောပါတယ်။
ပစ်ခတ်မှုကြောင့် ဆိုင်ငယ်စီးအမျိုးသား ၂ဦးအနက် ၁ ဦးသေဆုံးခဲ့ပြီး ကျန် ၁ ဦးလည်းဒဏ်ရာရသွားကာ စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ အဲဒီဖြစ်စဉ်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးလည်းဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။
ပစ်ခတ်လို့ သေဆုံးသွားသူဟာအရပ်သားဖြစ်တယ်လို့သိရပြီးအလောင်းကို လူမြင်ကွင်းမှာပဲစွန့်ပစ်ထားခဲ့တယ်လို့ မြင်တွေ့ရသူ ဒေသခံအချို့ကပြောပါတယ်။
