▪️ယခုလအတွင်း စစ်ကောင်စီတပ်မှ ထွက်ပြေးလာသူ သုံးဦးနှင့် ဒုရဲအုပ်တစ်ဦးအားဖမ်းမိဟု Eagles Army အသိပေးထား
အာဏာသိမ်းစစ်ကောင်စီတပ်မှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သားတစ်ဦးကို မန္တလေး – ဗန်းမော် လမ်းတစ်နေရာ၌ ဖမ်းမိခဲ့ကြောင်း ထီးချိုင့်ပြည်သူ့ကာကွယ် ရေးတပ်(PDF)၏ Eagles Army-HPDFက သတင်းထုတ်ပြန်သည်။
ဇွန်လ ၂၀ရက်တွင် ခလရ(၁၄၁) တပ်မှ ထွက်ပြေးလာသည့် တပ်သားရဲထက်အောင်အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
အဆိုပါ စစ်ကောင်စီတပ်မှ ထွက်ပြေးလာသည့် တပ်သားကို သက်ဆိုင်ရာ ပြည်သူ့ရင်ခွင်သို့ ပို့ဆောင်ပေးခဲ့ကြောင်းဖော်ပြထားသည်။
Eagles Army – HPDF သည် ဇွန်လ ၁၁ရက်ကလည်း ပုလိပ်ရဲတပ်ရင်း(၁၄)မှ ဒုရဲအုပ် သန်းဝင်းအောင်အား မန္တလေး – ဗန်းမော် မဟာဗျူဟာလမ်း တစ်နေရာတွင် ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ဇွန်လ ၁၀ရက်ကလည်း တပ်မ(၈၈) ခလရ(၈၃)မှ ထွက် ပြေးလာသည့် တပ်သား သက်ကိုကိုထွေးနှင့် တပ်သား ရှိုင်း၀ဏအောင် တို့ကို မန္တလေး- ဗန်းမော် လမ်း၌ ဖမ်းဆီးရမိခဲ့ရာ ပြည်သူ့ရင်ခွင်သို့ ပို့ဆောင်ပေးခဲ့သည်ဟု ဖော်ပြထားသည်။
