ဒီနေ့မနက်အစောပိုင်းက မန္တလေး နိုင်ငံခြားဘာသာတက္ကသိုလ် MUFL ကျောင်းထဲကို ဗုံးနဲ့တိုက်ခိုက်ခံရတယ်လို့သိရပါတယ်။
MUFL ဟာ မန္တလေးတိုင်းအစိုးရရုံး နဲ့ မလှမ်းမကမ်းမှာရှိတာပါ။ ဒီမနက် တိုက်ခိုက်မှုမှာတော့ ဆိုင်ကယ်စီးလာတဲ့ အမျိုးသားတစ်ဦးဟာ လက်ပစ်ဗုံးကို ကျောင်းဝင်းထဲ ပစ်ထည့်လိုက်တာလို့သိရပါတယ်။

ဗုံးဟာ ကျောင်းဝင်းထဲက ဆိုင်ကယ်ရပ်နားဆောင်ရဲ့အမိုးပေါ် ကျရောက်ပေါက်ကွဲခဲ့တယ်လို့သိရပါတယ်။
ဗုံးနဲ့လာပစ်တဲ့သူကို လုံခြုံရေးချထားတဲ့ရဲက ပစ်ခတ်ခဲ့တယ်လို့လည်းသိရပါတယ်။
ဒီနေ့မနက်ပိုင်းကလည်း မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ကွက်မှာ မိခင်ထံအလည်လာတဲ့ စစ်သားတစ်ဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။
