ချင်းပြည်နယ် မင်းတပ်မြို့တွင် စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ဒေသခံများရှိနေသည့်တောင်ယာအနီး ကျရောက်ပေါက်ကွဲပြီး ဒေသခံပြည်သူသုံးဦးသေဆုံးခဲ့ရသည်ဟု CDF မင်းတပ်က ထုတ်ပြန် သည်။
ယနေ့ နံနက် ၁၀ နာရီခန့်တွင် မင်းတပ်မြို့ပေါ်ရှိ(၂၇၄)တပ်ရင်းမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ရာအပြစ်မဲ့ပြည်သူသုံးဦး သေဆုံးခဲ့ရခြင်းဟု CDF မင်းတပ် သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်သည်။
စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးသည် မွီတွီကျေးရွာအနီး တောင်ယာတဝိုက်တွင် ကျရောက်ပေါက်ကွဲပြီး (၇၀)အရွယ် အမျိုးသားတစ်ဦး၊ (၆၀)အရွယ်နှင့် (၃၀)အရွယ် အမျိုးသမီးနှစ်ဦးလက်နက်ကြီး ထိမှန်သေဆုံးခဲ့ရသည်ဟု ဆိုသည်။
အပြစ်မဲ့ပြည်သူများအပေါ် စစ်ကောင်စီ၏ အထက်ပါ လုပ်ရပ်များအပေါ် ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမည်ဟုလည်း CDF မင်းတပ်က ထုတ်ပြန်ထားသည်။
